From Now On

466 56 0
                                    



• Thinking about you is really pretty •

...................


ကံကြမ္မာက ဆန်းကျယ်သော အရာဖြစ်တယ်။
နီးနီးလေး ရှိနေကြတဲ့သူတွေကို ဝေးသွားအောင် ဖန်တီးနိုင်ပြီး ဝေးနေကြတဲ့သူတွေကိုလည်း ပြန်နီးစပ်နိုင်အောင် ကံကြမ္မာကသာ စွမ်းဆောင်သည်။

‌ကံကောင်းတယ်ပဲ ဆိုရမလား
ဟီဆွန်းကတော့ ပထမ အမျိုးအစားထဲ ပါခဲ့သည်။

ပတ်ဆောင်ဟွန်း။
ဒီ နာမည် ၃လုံးနဲ့ သူပေးခဲ့တဲ့ လက်ကိုင်ပဝါတစ်ခုရယ်၊ ကင်မရာနဲ့ ရိုက်ပြီး သူမသိအောင် ခိုးသိမ်းထားမိတဲ့ ပုံတစ်ပုံရယ်ကလွဲ၍ သူ့အကြောင်းဆိုလို့ ဘာဆို ဘာမှ မသိခဲ့ရဘူး။

လူ့စိတ်ဆိုတာ မသိရလေ ပိုသိချင်မိတယ်။
ပိုသိချင်လေ အဲ့တုန်းက သူနဲ့ ဆက်သွယ်ဖို့ ဘာဆို ဘာမှ မတောင်းခဲ့ရတာကို နောင်တရမိလေဖြစ်တယ်။

ဒီလိုနဲ့ ဘ၀ကြီးကို ရုန်းကန်ရင်း လှုပ်ရှားရင်းနဲ့ပဲ တစ်နေ့ကြ ဟီဆွန်းသိချင်နေတဲ့ အရာတစ်ခုကို မမျှော်လင့်ဘဲ သိရခဲ့တယ်။


ဆောင်ဟွန်းက ဟီဆွန်း ညီမလေး တက်နေတဲ့ ကျောင်းမှာ တက်နေတယ်ဆိုတာပါပဲ။ ကစ်တီထက်တော့ တစ်နှစ်ငယ်တယ်။ အခုမှ ပထမနှစ်ကျောင်းသား‌လေးဖြစ်ဟန်တူသည်။

ဒါကိုတောင် ညီမလေးပြောပြလို့ သိရတာမဟုတ်။
ညီမလေး သူငယ်ချင်းတစ်ယောက်က အင်စတာဂရမ်မှာ Tagပြီးတင်ထားတဲ့ ပုံတစ်ပုံမှာ ဆောင်ဟွန်းလည်း ပါလာ၍ မမျှော်လင့်ဘဲ ဒီကောင်လေးက သူတွေ့ချင်နေတဲ့ သူမှန်း အလိုလိုသိလိုက်ရတာ။

ဒါတောင် Screenပေါ်က မြင်ရတာကိုမယုံဘဲ မျက်စိနဲ့ တပ်အပ်အတည်ပြုချင်သေး၍ ကျောင်းကို ကိုယ်တိုင် လိုက်သွားရှာမိတယ်။
( တစ်ကယ်ကတော့ ညီမကို ကိုကိုက ကျောင်းလာကြိုတာ ဆိုသော အကြောင်းပြချက်နဲ့ )



၃ရက်မြောက်နေ့မှာ ဆောင်ဟွန်းကို မျက်ဝါးကိုယ်ထင် မြင်လိုက်ရသည်။ ဘယ်သွားသွား အမြဲတမ်းလိုလို နားမှာ နားကြပ်တပ်ထားပြီး အတော်လေး အေးတဲ့ပုံ။

ညီမဖြစ်သူကတောင် ဆောင်ဟွန်းထက် အတော်သွက်သေးတယ်။ ပါလေရာ ငါးပိချက်မဆိုတော့ အပေါင်းအသင်းကလည်းများသလို ကျောင်းမှာလည်း အတော်လေးလည်း နာမည်ကြီးတယ်ဆိုရမည်။

You've reached the end of published parts.

⏰ Last updated: May 31, 2023 ⏰

Add this story to your Library to get notified about new parts!

Cherish || HeehoonWhere stories live. Discover now