Spring is Gone by Chance

344 54 2
                                    




ဆောင်းကုန်ပြီး နွေဦးပြန်ရောက်လာခဲ့တယ်။
နွေဦးလေပြေနဲ့အတူ ပါလာခဲ့တဲ့ သူကလည်း ကျွန်တော့် အရှေ့မှာ နောက်တစ်ကြိမ် ထပ်ပြီး ရပ်လို့နေပြန်တယ်။

ဪ နွေဦး.... နွေဦး...။
သိပ်ကို ဆန်းကျယ်လွန်းတယ်။

🌸




တီ~တီ~တီ~တီ

မနက် ၇နာရီ နာရီ နှိုးစက်မြည်တာနဲ့ တစ်ပြိုင်နက် ဆောင်ဟွန်းရဲ့ တစ်နေ့တာက စတင်လာခဲ့၏။

ကလေးဘ၀ကလို အိပ်ရာထဲမှာ အချိန်ပိုနှပ်နေလို့ မရတော့။ နှိုးစက်မြည်တာနဲ့မြန်မြန်ထပြီး ရေချိုးခန်းထဲ၀င် မျက်နှာသစ်၊ သွားတိုက်၊ ခေါင်းလျှော်ပြီးရင် အတန်းသွားတက်ဖို့ အ၀တ်အစားလဲရသည်။

ခေါင်းကို ပြောင်အောင် သုတ်နေဖို့တော့ အချိန်မရ။ ၃ခါလောက် သုတ်ပြီးရင် ဒီအတိုင်း ထားတတ်သည်။ ဆံပင်တိုတွေက ‌ခေါင်းခြောက်မြန်၍ ရေပြောင်အောင် သုတ်ဖို့မလို့ဟု ဆောင်ဟွန်းက ယူဆထားတယ်။

" မောနင်း မမ "

" ဆောင်ဟွန်း နိုးပြီလား။ စောသေးတာကို "

" မစောတော့ပါဘူး။ စာသင်နှစ်အစဆိုတော့ စောစောသွားတာ ပိုကောင်းမလာလို့။ "

" ဒါ‌ဆို ထမင်း မြန်မြန်ခူးပေး.... "

" ရတယ် ကျွန်တော် မနက်စာ မစားတော့ဘူး။ မမ ဖျော်ထားတဲ့ ဒီကော်ဖီနဲ့ ဒီ ကိတ်ခြောက်လေးတွေပဲ စားသွားတော့မယ်။ တာ့တာ သွားပြီနော် မမ။ ညနေကြမှ ဆိုင်ကို လာကူမယ်။ "

ကိတ်မုန့်ခြောက်တွေကို ပါးစပ်ထဲ သွတ်သွင်း၊ ကော်ဖီနဲ့ ခပ်မြန်မြန် မျောချလိုက်ပြီး သွက်လက်တဲ့ ခြေလှမ်းတို့နဲ့ အိမ်အပြင်သို့ ထွက်လာခဲ့လိုက်တယ်။



" နွေဦး ပြန်ရောက်လာပြီပဲ "

အိမ်အပြင် ထွက်လိုက်တာနဲ့ လေပြေအေးတို့နဲ့ ပါလာတဲ့ နွေဦးရနံ့။ သိပ်ကို လန်းဆန်းတာပေါ့။

ဒီနှစ်နွေဦးကတော့ ဆောင်ဟွန်းက တက္ကသိုလ်ကျောင်းသားဘ၀အနေနဲ့ ကြုံတွေ့ရမယ့် စာသင်နှစ်အစ။

Cherish || HeehoonWhere stories live. Discover now