2

325 81 12
                                    

"Hyung..ကျနော် မနက်စာ ပြင်ထားတာမို့
လာစားဦးလေ...."

ကင်မရာအိတ်ကို လွယ်လာရင်း အခန်းထဲက
ထွက်လာသူဟာ ကျနော့်ကို ခဏရပ်ကြည့်သည်။

"တော်ပြီ...မင်းဘာသာ မင်းဘဲစားလိုက်တော့
ငါ မနက်စာ တော်ရုံစားလေ့မရှိဘူး.."

ပြောပြီးတာနဲ့ သူကထွက်သွားဖို့ပြင်တယ်။ ဒီလို
လုပ်လို့ ရမလား။ သူ့ကို စားစေချင်လို့
အတန်းမရှိတဲ့ မနက်မှာကို ကျနော် မအိပ်ဘဲ
စောစောထပြီး တကူးတက လုပ်ထားရတာ။
အဲ့ဒီတော့ အခွင့်အရေးကို လက်လွတ် မခံနိုင်။
လေလိုအလျှင်နဲ့ သူ့အနားကို အရောက်သွားပြီး
သူ မသွားနိုင်ခင် သူ့လက်တွေကို ကျနော် မြန်မြန် ပြေးဆွဲပစ်လိုက်သည် ။

"ကျနော် စားစေချင်လို့ နှစ်ယောက်စာ
ထလုပ်ထားတာပါ...လာပါ Hyungရယ်
ပြင်ပြီးသားလဲ ဖြစ်နေပြီ..နည်းနည်းဖြစ်ဖြစ်
စားသွားနော်.."

"မင်းကို ဘယ်သူက လုပ်ခိုင်းလို့လဲ..
အတန်းမရှိရင် အိပ်စရာရှိအိပ်၊ နောက်ဆို
ထမလုပ်နဲ့.."

မနက်စာ မစားဘဲ အလုပ်မလုပ်စေချင်လို့ပေါ့။
ဒါပေမဲ့ ကျနော် ဘာမှပြန်ပြောမနေတော့။
ဘုဂလန့်ပြောနေပေမယ့် ကျနော်ဆွဲခေါ်ရာ
နောက်ကို သူတရွတ်တိုက်ပြီး ပါလာတယ်လေ။

စိတ်ကူးပေါက်မှ ဟင်းထချက်တတ်ပြီး
ကျန်တဲ့အချိန် တော်တော်များများမှာ ဘာကိုမှလဲ
မက်မက်မောမောမရှိဘဲ ဘာမှလဲ ဟုတ်တိပတ်တိ
သိပ်မစားတဲ့သူဟာ ကျနော် ချက်ကျွေးသမျှ
မကောင်းမကန်းတွေကိုတော့ မစားချင်သလိုလို
အကန်တွေပြောပေမယ့် အခုလို အတင်းကျွေးတဲ့အခါတိုင်းတော့ စားရှာသည်။

ဒါပေမဲ့လဲ သူ့ပုံစံအတိုင်း တို့တိတို့တိနဲ့။
အခုလဲကြည့်..ဝက်ပေါင်ခြောက်ကျော်ဟာ
မကုန်၊ နွားနို့ခွက်ဟာ မလျော့။ ငယ်ငယ်က
ကျနော့်ကို အစားကျွေးရခက်တိုင်း ဒေါ်လေး
ဒေါသ ထွက်လာတတ်တာကို ကျနော် အခုမှ
နားလည်မိ သလိုပါဘဲ။ ကျနော့် စိတ်ရှိတိုင်းသာဆို
ကလေးတွေကို အစားကျွေးသလိုမျိုး သူ့ကို
ထိုးသိပ် ခွံ့ကျွေးပစ်ချင်လာတာဘဲ..။

ဒါပေမဲ့ ယုယချင်တာတွေ အရမ်းသိသာသွားခဲ့ရင် စည်းတွေတားပစ်လာဦးမှာ၊ သူနဲ့ပိုဝေးသွားမှာကိုလဲ ကြောက်တာမို့ကျနော့်မှာ မရွံမရဲ...။

The More Loving Oneحيث تعيش القصص. اكتشف الآن