4

243 50 4
                                    



ညနေဘက် အတန်းချိန်တွေ ပျက်သွားတာမို့
အိမ်ကို အေးအေးလူလူ ပြန်လာရင်း
အိမ်အနားက convenience storeမှာ
အသေးအမွှား လိုအပ်တာတွေကို ကျနော်
ဈေးဝယ်နေခဲ့တယ်။Convenience storeကနေ ထွက်လာပြီး ကားလမ်းကူးမလို့ ရပ်စောင့်နေတုန်း
မှာ လမ်းတစ်ဖက်ခြမ်းဆီက ကော်ဖီဆိုင်ကို
ဒီအတိုင်း စိတ်ထင်ပြီး ကျနော်
ဘာရယ်မဟုတ် ကြည့်လိုက်မိသည်။

ပုံမှန်ဆို ကျနော်ဟာ ဘေးဘီပတ်ဝန်းကျင်ကို
သိပ် အာရုံစိုက်မိတတ်သူ မဟုတ်။ ဒါပေမဲ့
ချစ်ရသူနဲ့ ပတ်သက်လာရင် မသိစိတ်ကကို
သူ့ရဲ့ဖြစ်တည်မှုကို အလိုလို ခံစားမိနေတာမျိုး
ထင်ပါရဲ့။

"Hyung..."

ကော်ဖီဆိုင်ထဲမှာ သူဟာ ရှိနေခဲ့တယ်။ တစ်အိမ်ထဲ
လဲ အတူနေပါရဲ့၊ မနက်၊ ညတွေတိုင်းမှာလဲ
သူ့မျက်နှာကို မြင်နေရပါရဲ့ တိုက်ဆိုင်မှုတစ်ခု
ကြောင့် မတူညီတဲ့နေရာတစ်ခုမှာ ဒီမျက်နှာကို
မမျှော်လင့်ဘဲ မြင်လိုက်ရခြင်းဟာ
ဒီလောက် ကြည်နူးစရာကောင်းဖို့ လိုလို့လား။

သူက ကျနော့်ကို မမြင်၊ လမ်းကူးလာရင်း
ကျနော် လမ်းအလယ်နား ရောက်ခါနီးမှာ
သူ့က သူ့အရှေ့မှာ ထိုင်နေပုံရတဲ့လူကို
စကားပြောနေရင်း သဘောတကျ
ရယ်လိုက်တာကို ကျနော် တွေ့လိုက်သည်။

ဘယ်သူလဲ၊ သူဟာ ပုံမှန် client တွေနဲ့ စကား
ပြောရင်တောင် လိုတာထပ် ပိုရင်းနှီးတာမျိုး
မရှိဘဲ အရယ်အပြုံး မရှိတဲ့ လူဆိုတာကို
အားလုံးဟာ သိကြသည်။

စိတ်ဝင်တစားနဲ့ ကျတော် ကြည့်လိုက်တော့
အဲ့ဒီလူဟာ အညိုရောင်ဆံနွယ်အခွေအလိပ်တွေနဲ့
မိန်းကလေး တစ်ယောက်။

ပုံမှန်အတိုင်းဆို ကျနော် ကော်ဖီဆိုင်ထဲ ဝင်ဖို့ရော၊ သူ့ဆီသွားနှုတ်ဆက်ဖို့ရော အစက စိတ်ကူးမရှိ၊
သူပြန်ရောက်မှသာလျှင် ဒီနေ့ကျနော် သူ့ကို
မတော်တဆလှမ်းမြင်လိုက်တယ်လို့ ပြောဖြစ်ရင်လဲ၊ ပြောဖြစ်မည်။ ဒါက သူ့အလုပ်ကိစ္စဖြစ်နိုင်သလို၊ သူတွေ့နေတဲ့လူကလဲ သူ့ရဲ့ client
ဖြစ်နိုင်တာကို ကျနော် သဘောပေါက်ပြီးသား။

ဒါပေမဲ့ အခုချိန်မှာ ကျနော်ဟာ ဘာကိုမှန်း
မသိ၊ ခံစားချက်မကောင်းဘဲ စိတ်ထင့်လို့။
ချည်တုံချတုံတောင် ဖြစ်မနေဘဲ ကျနော်ဟာ
ကော်ဖီဆိုင်တံခါးကို ဆွဲဖွင့်ပြီး ဆိုင်ထဲ
ဝင်လိုက်တော့သည်။

The More Loving OneWhere stories live. Discover now