ထမင်းစားခန်းထဲ လျှောက်ဝင်လာ သူဟာ
ထိုင်နေတဲ့ ကျနော့်ကို မကြည့်သေး။ သူလွယ်ထားတဲ့ ကျောပိုးအိတ်နဲ့ ကင်မရာအိတ်ကို စားပွဲပေါ်
အသာချပြီးနောက် ရေခဲသေတ္တာထဲက ရေဘူး
တစ်ဘူးကိုယူကာ အေးအေးဆေးဆေးဘဲ ဖွင့်
သောက်သည်။ ရေသောက်နေရင်းမှဘဲ သူ့ကို
ကျနော် စူးစူးစိုက်စိုက်ကြည့်နေတာကို သတိထား
မိသွားဟန်နဲ့ ဘာလို့လဲဆိုတဲ့ အကြည့်နဲ့ ကျနော့်
ဘက် လှည့်ကြည့်လာတယ်။"Geneva ကို ညအိပ်သွားတာ ကျနော့်ကို ဘာလို့
မပြောသွားတာလဲ..."ဒီအတိုင်းရိုးရိုးဖြစ်အောင် မေးလိုက်ပေမယ်လဲ
ကျနော့်စကားလုံးတွေမှာ စိတ်ခံစားချက်တွေဟာ
ဖုံးဖိမရတာတော့ ကျနော့်ကို ကျနော်သတိထား
မိသည်။ သူလဲ သတိထားမိပုံပါဘဲ။"ပြောသွားတယ်လေ...ငါခရီးသွားမယ်လို့ မင်းကိုငါ ပြောခဲ့တာဘဲမဟုတ်လား..."
သူက အူလည်လည် မျက်နှာပေးနဲ့ ပြန်ဖြေလာလေတယ်။ ပုံသွင်းထားခြင်း မရှိတဲ့ သူ့ဆံပင်တွေဟာ
သူ့နှဖူးပေါ် ခပ်ဝဲဝဲကျလို့။ အနည်းငယ် နေလောင်
ထားပုံရတဲ့ အသားအရေကြောင့် သူ့မျက်နှာ
အစိတ်အပိုင်းတွေဟာ အရင်ကထက်ပိုပြီး
ထင်ထင်ရှားရှား ဖြစ်နေသည်။ ဒီလူဟာ ဘယ်လို အခြေအနေ၊ ဘယ်လို ပုံစံမျိုးမှာ ဖြစ်ဖြစ်
ရင်သပ်ရှုမောဖွယ်ရာ ဖြစ်နေတာကတော့
ဘုရားသခင်ပေးတဲ့ ကောင်းချီးဘဲ ထင်ပါရဲ့။ရုတ်တရက် ခုနကမကျေမနပ်ဖြစ်နေမိတဲ့
စိတ်ကလေးဟာ သူ့မျက်နှာကို ငေးမိပြီးနောက် ဖျတ်ခနဲပျောက်သွားပြန်လေတော့ ကျနော်
ကိုယ့်ဘာသာကို အသံတိတ် ကျိန်ဆဲလိုက်မိသည်။"မပြောဘူး..ခရီးသွားမယ်လို့ဘဲ ပြောတာ
နှစ်ရက်ကြာမယ် ညအိပ်မယ်လို့လဲ မပြောဘူး...""ဪ...အဲ့ဒါတော့ မပြောမိဘူးကိုး..နေပါဦး
မင်းကို ကြည့်ရတာ စိတ်ဆိုးနေသလိုဘဲ...
ငါ ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာတွေကို
မင်းကို အသေးစိတ်မပြောမိတာက စိတ်ဆိုး
စရာ ရှိလို့လား Jungkook...."သူ့ပြန်ပြောစကားကြောင့် ကျတော် နည်းနည်း
တန့်သွားရသည်။ ဟုတ်ပါတယ်.ဒါက တကယ်ဆို
စိတ်ဆိုးရမယ့်ကိစ္စ မဟုတ်ဘူးဆိုပေမယ့်လည်း.။
KAMU SEDANG MEMBACA
The More Loving One
Fiksi PenggemarMy love to you will never end. Jeon Jungkook- Kim Taehyung