5

368 58 17
                                    


စာသင်ခန်းထဲကနေ ကျွန်တော် အပြင်ဘက်
လျှောက်ထွက်လာခဲ့တော့ ကျောင်းရဲ့ ကားပါကင်
တစ်နေရာမှာ ငြိမ်ငြိမ်လေး ရပ်နေခဲ့တဲ့ သူ။
တဖွဲဖွဲကြွေကျနေတဲ့ မေပယ်ရွက်တွေကို
ငေးလို့။ အဲ့ဒီပုံရိပ်ဟာ လက်ရာမြောက် ပန်းချီ
ကားတစ်ချပ်လိုဘဲ။ Kim Taehyung ကိုယ်တိုင်
ကိုက အနုပညာတစ်ခုဖြစ်နေတာကိုတွေးမိတော့ ကျွန်တော် မသိမသာ ပြုံးမိပြန်တယ်။

သူ ဘယ်သူကို လာစောင့်နေခဲ့တာလဲ။
ဖြစ်နိုင်တာကတော့ ကျွန်တော့်ကိုဘဲဆိုပေမယ့်
လိုချင်တဲ့အဖြေကို မရခဲ့ရင် ဖြစ်လာမယ့်
နာကျင်မှုကို ကျွန်တော်မခံစားနိုင်တာတော့
အသေအချာဘဲ။

သူနဲ့ပတ်သက်လာရင် သေလောက်အောင်
နားလည်ချင်ပေမယ့် ကျွန်တော်ဉာဏ်မမှီတဲ့
အရာတွေက သိပ်များပါတယ်။

ဒါပေမဲ့ ယုံကြည်ချက်တွေ ဘယ်က ရနေမှန်းတော့
မသိ။ ဘာမှတောင် သူ့ကို မမေးမစမ်းဘဲ
အနားရောက်လာတာနဲ့ ခပ်တည်တည်နဲ့
သူ့ကားတံခါးကိုဖွင့်ပြီး ကျွန်တော်ဝင်ထိုင်လိုက်
သည်။ သူကလဲ ဘာမှမပြောဘူး၊ ကျွန်တော်
ကားထဲရောက်ပြီး ချက်ချင်းဆိုသလို မောင်းသူ
နေရာမှာဝင်ထိုင်လာတယ်။

ပြုံးစိစိဖြစ်ချင်နေတဲ့ နှုတ်ခမ်းတွေကို ကျွန်တော်
ဖိကိုက်ထားရတယ်။ အဲ့ဒီတော့ သူတစ်ခြားလူ
တစ်ယောက်ကို မဟုတ်ဘဲ ကျွန်တော့်ကို စောင့်နေ
ခဲ့တာဘဲ။ အဲ့ဒီအသိက ကျွန်တော့်ကို မာန်တက်
ချင်ချင်။

"ငါညစာဟင်းချက်ဖို့ ဈေးဝင်ဝယ်ဦးမှာ
စားချင်တာရှိလား..."

"မရှိဘူး...Hyung ကြိုက်သလိုလုပ်၊ ကျွန်တော်က
အရာရာ အကုန်အဆင်ပြေတယ်.."

သူကခေါင်းညိတ်ပြပြီး လမ်းပေါ်ကိုသာ အာရုံ
စိုက်လျက်။ ကျွန်တော်တို့ နှစ်ယောက်ကြား
သိပ်မကြာခင်တုန်းက ဘယ်တုန်းက ဘာကိစ္စမှ
မဖြစ်ဘူးသလို အနေအထားမျိုးနဲ့
သူနေနေတာကို ကျွန်တော်စိတ်ညစ်ပေမယ့်
ရယ်လဲရယ်ချင်တယ်။ သည်းမခံနိုင်စွာ ဖွင့်ဟ
ဝန်ခံခဲ့တဲ့ ကျွန်တော့် ခံစားချက်တွေကို
သူမကြားခဲ့ဖူးသည့် အတိုင်း၊ နီစွေးဖူးပြည့်တဲ့
အဲ့ဒီနှုတ်ခမ်းတွေဟာ ကျွန်တော့်နှုတ်ခမ်းတွေ
ကြားမှာ မရှိခဲ့ဖူးသည့်အတိုင်း၊ ကျွန့်တော့်
ပခုံးတွေကို ဖက်တွယ်ထားရင်း အဲ့ဒီအနမ်း
တွေကို သူဘယ်တုန်းကမှ မတုန့်ပြန်ဖူးသည့်
အတိုင်း။

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Jul 05, 2023 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

The More Loving OneTempat cerita menjadi hidup. Temukan sekarang