တစ်လမ်းလုံးက သစ်ပင်ကြီးတွေ အပြည့်နဲ့မို့လို့
နေပြောက်တောင် မတွေ့။ လုံးချင်းအိမ်ရာတစ်ခုမို့အိမ်တွေ အကုန်လုံးကလဲ ပုံစံ ခပ်ဆင်ဆင်တွေ။ လေအဝေ့မှာ ကိုယ်ပေါ်ကပ်လာတဲ့ ရွက်ကြွေလေး
ကို အသာခါချရင်း ခြံနံပါတ်တွေကို ကျနော်
တစ်ခုခြင်း ရေတွက်လာမိသည်။"A 7011, 7012, 7013...7014ဆိုတော့ ဒါဘဲပေါ့..."
ခပ်တိုးတိုးရေရွတ်ရင်း ခြံတံခါးဘေးကပ်ရပ်က လူခေါ်ခေါင်းလောင်းဆီကို ကျနော် လက်လှမ်း
လိုက်သည်။ တစ်သက်လုံးလိုချင်၊မျှော်လင့်ဖူးတဲ့
ကစားစရာတစ်ခုကို ပိုင်ဆိုင်ရတော့မယ့် ကလေး
တစ်ယောက်ရဲ့ ရင်ခုန်ခြင်းမျိုးနဲ့ နှလုံးသားဟာ
တံခါး ခေါင်းလောင်းသံနဲ့ အတူ တစ်သိမ့်သိမ့်ခုန်
တယ်။ သိပ်ကို မြင်ချင်၊တွေ့ချင်မိတဲ့ မျက်နှာကို ကျနော်ဟာ အချိန်အနည်းငယ် အတွင်းမှာ တွေ့ရတော့မှာ။ ဒီခေါင်းလောင်းသံအဆုံး၊ ဒီပိတ်ထားတဲ့ သစ်သား ခြံတံခါးရဲ့နောက်မှာ။ချပ်ခနဲ တံခါးဖွင့်သံအဆုံးမှာ စိတ်လှုပ်ရှားမှုနဲ့
အတူ ကျနော် တံတွေးမြိုချလိုက်မိသည်။
ကျနော် ဘယ်လို နှုတ်ဆက်ရမလဲ၊ အခု ကျနော့်
ပုံစံက အဆင်မှ ပြေပါ့မလား၊ ချွေးစီးတွေနဲ့ လက်ချောင်းတွေကို ဆုပ်ချည်ဖြန့်ချည် လုပ်ရင်း ကျနော် ဂနာမငြိမ်။မျက်တောင်တောင် မခက်ဘဲ၊ အသက်တောင်
ဝဝမရှုမိဘဲ မျက်စိရှေ့က ပုံရိပ်ကို ကျနော်
ကြောင်ကြည့်နေမိသည်။ သူက အရင်ကအတိုင်းဘဲ၊ အသက်အရွယ်ကြောင့် ရင့်ကျက်မှုတစ်ချို့
ထင်ဟပ်နေပေမယ့် တကယ်ကို အရင်အတိုင်းပါဘဲ။ တုနှိုင်းမရတဲ့ ချောမောမှုတွေအပြည့်နဲ့
တမေ့တမြော ငေးမောချင်စရာကောင်းဆဲ။
သိသိသာသာမြန်လာတတ်တဲ့ ကျနော့်နှလုံးခုန်သံတွေရဲ့ တစ်ဦးတည်းသော ပိုင်ရှင်ဖြစ်နေဆဲ။" Taehyungie Hyung...."
နှုတ်ဆက်လိုက်တဲ့ ကျနော့် အသံဟာ အနည်းငယ် တုန်ရင်နေတယ်။
"ဪ..."
တစ်လုံးထဲ ထွက်လာတဲ့ သူ့အာမေဍိတ်သံတိုးတိုး။သူဟာကျနော်လို့ မျှော်လင့်ထားပုံမရပါ။ကျနော်
သိသည်။သူ့မျက်ဝန်းညိုတွေမှာ အံဩရိပ်တစ်ချို့
ဖြတ်ပြေးသွားတာကို ကျနော် ဖမ်းမိလိုက်တယ်။

VOCÊ ESTÁ LENDO
The More Loving One
FanficMy love to you will never end. Jeon Jungkook- Kim Taehyung