Chapter 601: စစ်မေးခြင်း
ဧကရီက စိတ်မဆိုးတော့ကြောင်းသိလိုက်သော် လူကုန်းကုန်းက ချက်ချင်းနောက်ပြန်ဆုတ်သွားလေသည်။ သူက တစ်ခါမှမပေါ်လာဖူးသလို အမှောင်ထဲ ပြန်ရောက်သွားသည်။
ဇူအန် သူ့ကိုနောက်တစ်ကြိမ် ကြည့်လိုက်မိသည်။ အထိန်းတော်က ဧကရီအား ကန့်လန့်ကာနောက်မှစိုက်ကြည့်နေကြောင်း သူသတိထားမိလိုက်သည်။ သူ့မျက်နှာထားက အရင်လို ရိုင်းစိုင်းမနေတော့ဘဲ နူးညံ့မှုများအပြည့်ပင်။
ဇူအန်က ပေါက်ပေါက်ဆုပ်ပင် ယူချင်သွားသည်။ သူတို့နှစ်ယောက် ကြားထဲမှာ တစ်ခုခုတော့ ရှိကိုရှိရမယ်။
ဒါပေမဲ့ အဲ့တာက လူကုန်းကုန်း ရဲ့ တစ်ဖက်သတ်အချစ်ဖြစ်ဖို့ ပိုများတယ်။သို့သော်လည်း ဒီလူက အတော်လေးတုံးအသည်ဟု ဇူအန်ထင်လေသည်။
လူတစ်ယောက်ကို ဘယ်လောက်ပဲကြိုက်ကြိုက် မင်းရဲ့ ညီငယ်လေး ဆုံးရှုံးရလောက်တဲ့အထိတော့ မတန်ဘူးလေ ဟုတ်တယ်မလား။
မိန်းကလေးတစ်ယောက် မင်းကိုဘယ်လောက်ကြိုက်ကြိုက် မင်းပစ္စည်းမရှိတော့ရင် သူ့ကိုဘယ်လောက်ကြိုက်ကြိုက် ဘာဖြစ်လာနိုင်မှာမို့လဲ။ ဧကရီက ခင်ဗျားကို အဖက်မလုပ်တာ မဆန်းတော့ဘူး။လူကုန်းကုန်း အကြည့်ကိုပြန်ရုတ်လိုက်သည်။ ဇူအန် သူ့ကိုဘာကြောင့်ကြည့်နေလဲ သူနားမလည်ပေ။
ဒီကောင့်ရဲ့ သနားသလိုလိုအကြည့်က ဘာဖြစ်တာလဲ။ဧကရီ၏အပြုံးက ရပ်တန့်သွားပြီး မေးလာသည်။
"ဒီနေ့ အရှေ့နန်းတော်မှာတစ်ခုခုဖြစ်သွားတယ်လို့ ကြားတယ်""ဟုတ်တယ် အိမ်ရှေ့စံအတွင်းရေးမှူး ရှီခွန်းက ကစားပွဲအတွင်း အဓိကနေရာကို ဒဏ်ရာရသွားတယ်။ တော်ဝင်သမားတော်တွေက သူ့ကိုအချိန်မီမကယ်နိုင်လိုက်လို့ သူက အသက်ငယ်ငယ်နဲ့ ဆုံးသွားရှာပြီ" ဇူအန် နောင်တရသောမျက်နှာထားဖြင့် ပြောလိုက်သည်။ သူ့ကိုယ်သူပင် အထင်ကြီးချင်သွားသည်။ အခုချိန်မှာ သူက မြေခွေးအိုကြီးများလို လျှာဖျားတွင် အလိမ်အညာများအပြည့်ဖြစ်နေသည်။
"တော်ဝင်သမားတော်အပေါ် အပြစ်ပုံချတာက မဆိုးပါဘူး။ ဒါက အိမ်ရှေ့စံမင်းသမီး မင်းတို့ကို ဒီလိုပြောဖို့ သင်ပေးထားတာဖြစ်ရမယ် ဟုတ်တယ်မလား" ဧကရီ ရယ်လိုက်သည်။