Chapter 736: သခင်နဲ့ကျွန်
ဧကရီ၏ အကြည့်တွင် မရေရာသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ ဇူအန် ရုတ်တရက်မေးလိုက်သည်။ “ တစ်ခုခုလုပ်စရာရှိတယ်ဆိုတာက အရှင်မ ကိုယ့်ကိုယ်ကိုပြောနေတာလား”
ဧကရီက ထိုင်လိုက်ပြီး သက်သောင့်သက်သာ မှီလိုက်သည်။ သူမ၏ လက်ကို မေးထောက်ကာ ဖြေလိုက်သည်။ “ နင် ဘယ်လိုထင်လဲ”
သူမသည် အရွယ်ရောက်ပြီးသား အကွေ့ကောက် ပြည့်ဝနေပြီးသား အမျိုးသမီးတစ်ဦးဖြစ်သည်။ ယခုလို သူမ မှီလိုက်သဖြင့် သူမ၏ ပုံရိပ်သဏ္ဍာန်မှာ ပိုမိုညှို့ငင်လာနိုင်ပြီး သက်သောင့်သက်သာ ခံစားချက် တစ်ခု သယ်ဆောင်နေသည်။ မမြင်ရသော ဆွဲငင်ဓာတ်တစ်ခုက နေရာယူဝင်ရောက်လာသည်။
“ အရှင်မ က ကျုပ်ကို အလိုမရှိတော့ရင်လည်း အရင်ထွက်သွားတော့မယ်နော်” ဇူအန်က လည်ချောင်းခြောက်ကပ်နေသလို ခံစားလိုက်ရသည်။ သို့သော် သူ့၏အသိစိတ်မလွတ်သေးပေ။ ဧကရီက အကြောင်းအရင်းမရှိဘဲ သူ့အပေါ် ခံစားချက်များရှိနေမည်ကို သူ သေချာပေါက်ယုံကြည်မည်မဟုတ်ပေ။ သူမ၏ အတွေးကို စဉ်းစားမရသဖြင့် အရင်ဆုံးထွက်သွားရန် ဇူအန် ဆုံးဖြတ်ခဲ့သည်။
“ ဒီလောက် အလျင်မလိုပါနဲ့။ နင့်ကို မလိုတော့ဘူးလို့ ဘယ်သူပြောလို့လဲ” မထင်မှတ်စွာ ဧကရီက သူ၏လက်ကိုဖမ်းကိုင်လိုက်သည်။ “ ငါတို့ကျိုးပြည်ထောင်မှာ နိုင်ငံရတနာတစ်ခုရှိတယ်။ အဲ့ဒါကို ယူဆောင်ဖို့ နင့်အကူအညီလိုတယ်”
“ နိုင်ငံ့ရတနာ ဟုတ်လား” ဇူအန် ဇဝေဇဝါဖြစ်စွာ မေးလိုက်သည်။ ဒါက ကျင့်ကြံခြင်းလောက ဖြစ်ပြီး မှော်ရတနာ တို့၏ အစွမ်းကို ဇူအန် ကြုံတွေ့ဖူးပြီးသားဖြစ်သည်။ ကျိုးပြည်ထောင် ကတောင် နိုင်ငံ့ရတနာ အဖြစ် သတ်မှတ်ရလောက်သည်အထိ ဘယ်လို ပစ္စည်းမျိုးက အစွမ်းကြီးနိုင်မည်နည်း။ ဇူအန် စိတ်လှုပ်ရှားသွားပြီး ဆက်လိုက်သည်။ “ အဲ့ဒါက ဘယ်လိုနိုင်ငံ့ရတနာမျိုးလဲ မေးလို့ရမလား”
ဧကရီ၏ လက်ချောင်းများ က ဇူအန် ခန္ဓာကိုယ် ဆီသို့ ရောက်သွားကာ အသာအယာပွတ်လိုက်သည်။ သူမ၏ အနီရောင်တောက်တောက် နှုတ်ခမ်းမှာလည်း ချစ်စဖွယ် ဝိုင်း၀န်းသွားသည်။
“ မျက်စိရှေ့ ရောက်ကောင်းရောက်နေနိုင်တယ်”