Chapter 772: part 1 : တော်ဝင်အကယ်ဒမီ၏ ရှစ်ယောက်မြောက် စီနီယာ
သူမ၏ ပေါင်တံက ပြည့်သော်လည်း အောက်သို့ ပြီးပြည့်စုံစွာ ကွေးဆင်းနေသည်။ သူမ၏ဖြူဖွေးချောမွတ်သော အသားအရေဖြင့်ဆိုလျှင် အားကောင်းသော ယှဉ်တွဲမှုတစ်ခုဖြစ်နေသည်။
သို့သော် ဇူအန်က ထိုအရာတစ်ခုကိုမှ ခံစားချင်စိတ်မရှိနေပေ။ ပြတင်းပေါက် ဘောင်တွင် ထိုင်နေသော ထိုအမျိုးသမီးကို အံသြစွာ ကြည့်လိုက်သည်။ “ ကျောင်းအုပ် ကျန်း ၊ ဒီမှာဘာလုပ်နေတာလဲ ”“ နင် လုပ်ကြံခံခဲ့ရတယ်ဆိုလို့ လာကြည့်တာပဲ။ ချီမောင်နှမ ကလည်း လာချင်နေပေမယ့် ချီဒေါင်ရင်း ရဲ့ ဆရာက မှော်သင်္ကေတတွေကို လေ့ကျင့်ခိုင်းခဲ့ပြီးတော့ ချီရှိုရဲ့ ဆရာက သူနဲ့စစ်တုရင်ကစားခိုင်းခဲ့တယ်။ သူတို့တွေ အတော်လေး အလုပ်ရှုပ်နေတဲ့အတွက်ကြောင့် ငါ့ကို နင့်ဆီလာခိုင်းလိုက်ကြတာ” ကျန်းလော့ဖူက သူမ၏နက်မှောင်လှပသော ဆံရှည်ကို ကျောက်စိမ်းဆံထိုးတစ်ခုဖြင့် ထိန်းထားပြီး သူမ၏ လည်ပင်း ရှည်သွယ်မှုကို ပိုမိုပေါ်လွင်စေသည်။ ယနေ့တွင် လေးထောင့်မှန်ကိုင်း မျက်မှန်တစ်လက်လည်း ဝတ်ဆင်ထားသေးသည်။
ဇူအန်က သူမကိုအခြားအချိန်တွင် မြင်လိုက်ရပါက ဆက်စီကျသော ဆရာမ၊ အတွင်းရေးမှူး နှင့် ရုံးစာရေးမတို့၏ ပုံရိပ်များကို ပြေးမြင်ယောင်မိမည်ဖြစ်သည်။ ယခုအခါတွင်တောင်မှ သူ၏အရှေ့တွင်ရှိနေသော ရင်းနှီးသောပုံရိပ်ကို ငေးကြည့်နေမိသည်။ သူ၏ကမ္ဘာဟောင်းသို့ ပြန်ရောက်သွားသလိုပင်။
“ နင် ခေါင်းကိုက်နေသေးတာလား။ နင့်ကြည့်ရတာ အတော်လေးကြောင်တောင်တောင်ဖြစ်နေပုံပဲ” ကျန်းလော့ဖူ ပြုံးလိုက်သည်။
“ မမ က ဂရုစိုက်တဲ့ ဧည့်သည်နဲ့လည်းမတူဘူး။ ကျုပ်ကို လှောင်ဖို့လာနေသလိုပဲ” ဇူအန် စိတ်ဆိုးသွားသည်။
“နင် အဆင်ပြေနေတာပဲလေ မဟုတ်ဘူးလား” ကျန်းလော့ဖူ က ပြတင်းပေါက်မှ ခုန်ချကာ ကျက်သရေရှိစွာ လျှောက်လှမ်းလာသည်။
သူမ၏ သွယ်လျသော ခြေတံများ၏ ခြေလှမ်းပုံကိုကြည့်ရင်း ၎င်းသည် မြင်ရအတန်ဆုံးမြင်ကွင်းဖြစ်ဟု ဇူအန်ဝန်ခံရပေမည်။ ရုပ်မြင်သံကြား ထဲမှ မိန်းကလေးအများစုက ဤကျောင်းအုပ်မမကို မယှဉ်နိုင်ပေ။
“ နင့်ရဲ့ ပြတင်းပေါက်မှာ ဖုန်နည်းနည်းရှိတယ်။ တစ်ခါတစ်လေ သန့်ရှင်းရေးလုပ်ပါဦး” ကျန်းလော့ဖူက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ဖုန်ခါလိုက်သည်။