Chapter 793: သခင်ကို ကိုယ်စားပြုသော ငှက်များ
“ ငှက်နှစ်ကောင် တစ်ပြိုက်နက်တည်းလား” ဇူအန် အံ့သြဝမ်းသာနေသည်။ ပျော်ရွှင်မှုက ရုတ်တရက် ရောက်လာသဖြင့် မယုံနိုင်လောက်အောင်ပင်။
မိန်လိက ပိုမိုတည်ငြိမ်နေဟန်ရှိသည်။ “ နင်က အဆင့်နှစ်ဆင့်တောင် မြန်မြန်တက်လာခဲ့တာကိုး။ ဒါကြောင့် ငှက်နှစ်ကောင် နိုးထလာတာ။ အဆင့်ရှစ် နောက်မှ ငှက်တစ်ကောင် ရလိမ့်မယ်လို့ ငါထင်မိတော့မလို့ပဲ။ အခု ဒီအခြေအနေက ငါခန့်မှန်းထားတာက ပိုကောင်းနေပုံပဲ။ ဟုတ်သားပဲ။ အဲ့ဒီငှက်နှစ်ကောင်ဆီကနေ ဘယ်လိုစွမ်းရည်တွေ ရလာသလဲ ငါ့ကိုပြောပြဦး”
“ ကောင်းပြီလေ” ဇူအန် ခေါင်းညိတ်လိုက်သည်။ ထို့နောက် မျက်လုံးမှိတ်ကာ စစ်ဆေးလိုက်သည်။ ရုတ်တရက် ထူးဆန်းသော မျက်နှာအမူအရာတစ်ခုဖြင့် မျက်လုံးပြန်ပွင့်လာသည်။ “ မီးဖီးနစ်မှာက ဖီးနစ်မီးလျှံရှိတယ်။ ဒီမီးလျှံက ဖျက်ဆီးခြင်းနဲ့ မွေးဖွားခြင်း နှစ်ခုပေါင်းစပ်ထားတဲ့ ကမ္ဘာအထွတ်အမြတ် မီးလျှံတစ်ခုပဲ။ ရွှေဖီးနစ် ကတော့... အဲ့ဒါက...”
ဇူအန် ထိုသို့ ရေရွတ်နေသည်ကို မြင်ရသောအခါ မိန်လိ စိတ်နှောင့်လာသည်။ “ ရွှေဖီးနစ် က ဘာဖြစ်လဲ”
ရွှေဖီးနစ် ကို အတိတ်နိမိတ်ကောင်း သတ္တဝါအဖြစ် အမြဲသတ်မှတ်ထားကြသည်။ ၎င်းသည် ကျက်သရေမင်္ဂလာအမှတ်သင်္ကေတ ဖြစ်သဖြင့် ဧကရီ တို့၏ အဆောင်အယောင်တို့တွင် အလှဆင်ရန် သုံးခဲ့ကြသည်။ မိန်လိ တွင် ရွှေဖီးနစ် အပေါ် အမြင်ကောင်းတစ်ခုရှိနေသဖြင့် ရွှေဖီးနစ် က မည်သို့သောစွမ်းရည်ရှိနေမည်ကို သူမ ပိုမိုစိတ်ဝင်စားနေသည်။ဇူအန် ဖြေလိုက်သည်။ “ ရွှေဖီးနစ် က သတ္တုဂုဏ်သတ္တိရှိတယ်။ သူ့ရဲ့စွမ်းရည်က ‘ အချစ်က ရွှေထက် ပိုမာတယ်.’ ဆိုတာပဲ။ အဲ့ဒါက... အဲ့ဒါက မိန်းကလေးတစ်ယောက်ရဲ့ ရာဂကိုနိုးဆွပေးပြီးတော့ မထိန်းနိုင်ဘဲ သဘောကျလာစေတယ်”
မိန်လိ ဆွံ့အ သွားသည်။ အနောက်သို့ ခြေတစ်လှမ်း အလိုလို ဆုတ်မိလိုက်သည်။ ထို့နောက် သရော်လိုက်သည်။ “ ဟွန်း ကြည့်ရတာ ငှက်တွေက သူ့သခင်လိုမျိုးပဲ။ ကျော်ဇောတဲ့ ဖီးနစ်တောင်မှ နင့်ကြောင့် အသုံးမကျဖြစ်နေရတယ်”