Chapter 656: အကျဉ်းထောင်သို့
အိမ်ရှေ့စံမင်းသမီးက ဇူအန့်ကို တစ်ချက်ကြည့်လိုက်သည်။ “ နင်တောင်ပြောနေပြီပဲ။ ငါ ဘယ်လိုမသိဘဲနေမလဲ”
ဤအခွင့်အရေးကို သုံးကာ မေးလိုက်သည်။ “ ဒါဆို ချန်ရှုံး အပြစ်ပေးခံရနိုင်တယ်လို့ မင်းသမီး ခံစားမိတယ်ပေါ့”
ဤကိစ္စကို သူမ အမြဲအာရုံစိုက်နေခဲ့သည်။ လက်တွေ့တွင် ဤကိစ္စသည် အိမ်ရှေ့စံမင်းသား နှင့် ချီဘုရင်တို့အကြား တိုက်ပွဲကို အတိုင်းအတာတစ်ခုအထိ သက်ရောက်နိုင်စွမ်းရှိနေသည်။ သူမ အခိုက်အတန့် တခဏ တိတ်ဆိတ်သွားသည်။ သို့သော် အဆုံးတွင် သူမ ခေါင်းခါကာ ပြောလိုက်သည်။ “ ချည်ပန်းထိုးသံတမန်တွေနဲ့ လုံခြုံရေးဌာနတို့က သူ့ကို အပြစ်ရှိတယ်လို့ သတ်မှတ်ကြပေမယ့် တရားရေးဌာနကတော့ သူဟာချောက်ချခံရတာလို့ လုံးဝ ယုံကြည်နေတယ်။ ပြီးတော့ သက်သေလည်း အလုံအလောက်မရှိဘူး။ ဒါကြောင့် အများဆုံးတော့ ချန်ကန်းကိုပဲ အပြစ်ရှိတယ်လို့ အမိန့်ချနိုင်မယ်။ ချန်ရှုံး ကို မဖြုတ်ချနိုင်လောက်ဘူး”
ချီဘုရင် တို့ အဖွဲ့က အတော်အင်အားကောင်းလှသည်။ သူတို့တွင် စစ်တပ်အကြီးအကဲ ဖြစ်သော ချင်အိမ်တော်၊ မြို့တော်အတွင်း၀န်ရုံး လက်ထောက် ယုရွှမ်းချောင်နှင့် ညွှန်ကြားရေးမှူး လျန်ယု၊ သံရုံးအခြွေအရံချုပ် ဖေးကျန်းနှင့် သက်ဆိုင်ရာ နေရာအသီးသီးတွင် အရေးပါသောနေရာတွင်ရှိသည့် ရာထူးကြီးများစွာ လည်းရှိနေသည်။ တော်ဝင်ကလန်ထဲတွင် ဖြောင့်မတ်ပြီး ဂုဏ်သတင်းကြီးသော လူကြီးအချို့၏ ထောက်ခံမှုတောင် ရရှိထားသည်။ ထိုသူတို့က ချန်ရှုံး ကို အဘယ်ကြောင့် မှားယွင်းစွပ်စွဲခံခွင့်ပြုမည်နည်း။
သူမ၏ ဖခင်ဖြစ်သူက လျှို့အိမ်တော်၊ မင်အိမ်တော်၊ လျန်းဘုရင် နှင့် အခြားဝန်ကြီးများကို ဆက်သွယ်ကာ ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း ချန်ရှုံးကို ဆွဲမချနိုင်ပေ။မုယုံထုံ ကို လုံခြုံရေးအရာရှိ ရာထူးမှ ပြောင်းရွေ့ခဲ့ခြင်းကိစ္စက ချီဘုရင် တို့ အဖွဲ့ကို အတော်အထိနာစေခဲ့သည်။ ယခုအခါတွင် လက်ဝဲအစောင့်စစ်သူကြီး ကိုပါ ဘယ်လို ရွေ့ပြောင်းခံနိုင်မည်နည်း။
ထို့ကြောင့် ချန်ကန်း တစ်ဦးတည်းကိုသာ အပြစ်ပေးနိုင်မည်ဖြစ်သည်။ ထိုနေရာအထိလောက်ပင် အိမ်ရှေ့မင်းသားတို့ အဖွဲ့ ရောက်ရှိနိုင်မည်ဖြစ်သည်။
ထိုအကြောင်းကို တွေးရင် သူမ စိတ်ကသိကအောင့် ဖြစ်လာသည်ါ “ ဒီကိစ္စတွေကို ဘာဖြစ်လို့ ဘာမေးနေရတာလဲ”