Part 1
''ဒေါက်တာ ကျွန်တော့် ဇနီးအဆင်ပြေရဲ့လား... ဘာလိုသူမ မနိုးသေးတာလဲ...''
'' အပြင်ဘက်ဒဏ်ရာတွေကြည့်ပြီး ဆေးစစ်ချက်ရလဒ်တွေအရ ပြောရမယ်ဆိုရင် သူမခြေထောက်ကပျက်စီးသွားတဲ့တစ်သျှူးတွေကပဲ ပြဿနာနည်းနည်းရှိတော့တာပါ... တခြားအရာတွေကတော့ အဆင်ပြေပါတယ်...သူမ မကြာခင်နိုးလာတော့မှာပါ...''
''ဒါဆို ကျွန်တော်တို့ သူမနိုးလာတာနဲ့ ပြန်လို့ရနိုင်မလား... သူမကိုဆေးရုံမှာ မထားချင်လို့ပါ...''
''ဒါက...အိမ်မှာ ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းလုပ်မယ်ဆိုရင် အဆင်ပြေပါတယ်...သူမခြေထောက်ကိုတော့ဖိအားမများစေဖို သတိထားပေးပါ၊ လုံလောက်တဲ့ ကုသမှုလဲလိုပါသေးတယ်'...'
''ဟုတ်တာပေါ့... ကျေးဇူးတင်ပါတယ် ဒေါက်တာ...''
စကားဝိုင်းကို ထန်ထန် နားစွင့်နေလိုက်တယ်။ သူမ မျက်လုံးကိုမဖွင့်ရဲသေးဘူး။ သူမနိုးနေတာကိုသိသွားမှာစိုးလို့ ...သူမရဲ့အသက်ရှုသံကို တောင် တိုးတိုးလေးနဲ့ဖြည်းဖြည်းချင်းရှုနေမိတယ်။
စကားဝိုင်းပြီးသွားတဲ့အချိန်မှာ ခြေသံတွေတဖြေးဖြေးဝေးသွားတာကို သိလိုက်တယ်။ ယောကျာ်းကအခန်းထဲမှထွက်သွားပြီး စကားပြောနေတဲ့ အမျိုးသမီးတစ်ယောက်သာကျန်ခဲ့တယ်။
''တကယ်ပါပဲ...ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေရတယ်ကိုမရှိပါဘူး... ဒီမိန်းမကိုလက်ထက်လိုက်တာက တကယ်ကိုကံမကောင်းတာပဲ... အဲ့အချိန်က သူဘာတွေတွေးနေလဲဆိုတာ စဉ်းစားမရဘူး...ပြီးတော့ သူက ထက်မြက်တဲ့သူတစ်ယောက်ပါ...အာ...''
အမျိုးသမီးက တခုခုကိုသတိရသွားဟန်ရှိပြီး အခန်းထဲကထွက်ခွာသွားတယ်။ အခန်းက တဖန်တိတ်ဆိတ်သွားပြန်တယ်။
အခန်းထဲဘယ်သူမှမရှိတာ သူမသေချာသိပြီးတဲ့နောက် သူမမျက်လုံးကိုဖြေးငြင်းစွာဖွင့်လိုက်တယ်။ ပထမဆုံးမြင်လိုက်ရတာက အဖြူရောင်မျက်နှာကျက်ဖြစ်ပြီး အလယ်မှာလေးထောင့်ပုံစံတစ်ခုရှိနေတယ်။
ထန်ထန် တိတ်တဆိတ်အသက်ရှုထုတ်လိုက်တယ်။ ထိုနောက်သူမဘေးပတ်လည်ကို တဖြည်းဖြည်းကြည့်လိုက်တယ်။ သူမကြည့်လေလေ သူမပိုစိုးရိမ်လေဖြစ်လာတယ်။
YOU ARE READING
ဇနီးချောလေး (Completed)
RomanceDescription အမြဲလိုလို သူ့ကို သေစေချင်နေသည့်သူ့ဇနီးက ကားမတော်တဆမှုဖြစ်ပြီးနောက် အတိတ်မေ့သွားတာကို သိလိုက်ရတယ်... သူမ အရမ်းပြောင်းလဲသွားတယ် ...လုံးဝတခြားတစ်ယောက်လိုပြောင်းလဲသွားခဲ့တယ်... သူအလုပ်သွားတဲ့အခါ : : အချစ်မလုပ်နဲ့... ကျွန်မ ရှင့်ကို ဖိနပ်စီ...