36-40

1.4K 55 3
                                    

part 36

အဖွားကျိုး မွေးနေ့မတိုင်ခင်တရက် ကျိယန်က အလုပ်မှခွင့်ယူပြီး ထန်ထန်နဲ့ကျိရှောင်ကျိုးကို မြို့တော်သို့ခေါ်သွားတယ်။

ကျိုးမိသားစုရဲ့ ဘိုးဘွားအိမ်က မြို့တော်ရဲ့ အစွန်အဖျားမှာတည်ရှိတယ်။ အိမ်ယာက အရမ်းကျယ်ဝန်းပြီး လုံခြုံရေး၀န်ထမ်းတွေက လှည့်လည်စောင့်ကြပ်လို့နေတယ်။

ထန်ထန်အတွက် ဒီလို ခန့်ညားကြီးကျယ်တဲ့ မြင်ကွင်းမျိုးက ပထမဆုံးဖြစ်တယ်။ ကျိုးမိသားစုအပေါ် သူမရဲ့ထင်မြင်ချက်က မှားနေခဲ့တယ်ဆိုတာကိုလဲ သိလိုက်ရတယ်။

အရင်တစ်ခါ အကို ကျိုးကျိ ကိုတွေ့တုန်းက ချမ်းသာတဲ့မိသားစုမှ ဆင်းသက်လာတယ်ဆိုတာ သူမခန့်မှန်းမိခဲ့ပေမယ့် အခုသူမ တွေ့ရသလိုဆိုရင်တော့ သာမန်ချမ်းသာတာမျိုးမဟုတ်ပဲ ဩဇာအာဏာရှိပြီး အလွန်အမင်းကြွယ်၀ချမ်းသာမှန်း သိသာလွန်းတယ်။

ကုကျန်းအန် နဲ့ ကျီယွဲ့ နှစ်ယောက်စလုံးဆိုရင်လဲ ချမ်းသာတဲ့မိသားစုက ဆင်းသက်လာမှန်းသိသာတယ်။ ကြည့်ရတာ သူမခင်ပွန်းရဲ့သူငယ်ချင်းတွေလဲ သာမန်မဟုတ်ဘူးပေါ့...   သူမ ခင်ပွန်းကလဲ သာမန်လူတစ်ယောက်မဟုတ်ဘူးလား…

ရုတ်တရက်ပဲ ကုယန်ရန်ပြောဖူးတဲ့ ကျိမိသားစုက စစ်တပ်ဘက်ကဆိုတဲ့ စကားကိုသတိရသွားမိတယ်။ သူတို့အားလုံးကလဲ ဒီလိုမျိုးပဲလား …

ထူးခြားတဲ့အာရုံခံစားမှုကြောင့် ကျိယန် သူ့ဘေးမှ ထန်ထန်ရဲ့ ငေးငိုင်နေတဲ့အကြည့်ကို သတိထားမိလိုက်တယ်။ ထန်ထန်ဘက်သို့လှည့်ပြီး မေးလိုက်တယ်

“ ဘာဖြစ်လို့လဲ…’’

ထန်ထန် စိတ်ထဲမှစူးစမ်းချင်စိတ်ကိုထိန်းလိုက်ပြီး

‘’ ဘာမှမဟုတ်ပါဘူး ‘’

နေရာစိမ်းမှာ ထန်ထန် မနေတတ်ဖြစ်နေတာပဲလို့ ကျိယန်စိတ်ထဲထင်မှတ်လိုက်ပြီး ရှောင်ကျိုးကိုလုပ်ပေးနေကျအတိုင်း သူမခေါင်းကို အသာလေးပွတ်ပေးရင်း

‘’ မကြောက်ပါနဲ့ … ကိုယ့်အိမ်လို့ပဲ သဘောထားပြီးနေလိုက်… ဟုတ်ပြီလား…’’

ဇနီးချောလေး (Completed)Where stories live. Discover now