ဆောင်းဟန်ဘင်းက ဆိုသည် ကျန်းဟာအိုဆိုသည့် အမျိုးသားငယ်လေးက သူ့ရဲ့ တစ်ခုတည်းသော ပျော်ရွှင်ရာအရပ်ငယ်လေးဟု ။
ကျန်းဟာအို အတွက် ဆောင်းဟန်ဘင်းဆိုသည့် အမျိုးသားကကော ဘယ်လိုရပ်ဝန်းငယ်လေး ဖြစ်နေပါလိမ့်မည်လဲ ။-오직 너 [ONLY U]-
- 2010 ခုနှစ် မေလ
"ဟန်ဘင်းက ဒီည ကျောင်းသားဟောင်းတွေ့ဆုံပွဲကို လာမှာလား"
2000ခုနှစ် စီနီယာတန်းခွဲတွေရဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ ထွက်လာတဲ့ စကားသံတစ်ခု
"ကျန်းဟောင့်ကလည်း အထက်တန်းပြီးတည်းက ဆယ်နှစ်အကြာမှ တွေ့ဆုံပွဲကို ပထမဆုံးပြန်လာတာလေ အကယ်၍ ဆောင်းဟန်ဘင်းသာ လာမယ်ဆိုရင် လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက ပြဿနာကို မကျေမနပ်နဲ့ ရန်ဖြစ်ကြရင်ကော"
ပထမကျောင်းသားရဲ့ စကားသံပြီးေနာက် နောက်ကနေ ကပ်ရပ်ထပ်ပါလာတဲ့ စကားသံနောက်တစ်သံ
"ဟော ဟိုမှာ အတန်းခေါင်းဆောင် ဟန်ဘင်း ရောက်လာပြီ"
တွေ့ဆုံပွဲရဲ့ တစ်နေရာကနေ ထွက်လာတဲ့ အသံကြောင့် အကြောင်းသိတဲ့ လူတွေက တံခါးပေါက်ကနေ ဝင်လာနေတဲ့ ဆောင်းဟန်ဘင်းကို တစ်လှည့် တွေ့ဆုံပွဲရဲ့ ထောင့်ကျကျနေရာမှာ သူ့သူငယ်ချင်းဟောင်းတွေနဲ့ စကားပြောနေတဲ့ ကျန်းဟောင့်ကို တစ်လှည့် ကြည့်နေကြသည်။
သူတို့ပြောနေကြသည့် ဆောင်းဟန်ဘင်းနှင့် ကျန်းဟောင့်၏ ပြဿနာဆိုသည်က ဘယ်လောက်ထိကြီးမားသည်မလို့ ဒီလိုမျိုး လူတွေက သူတို့အချင်းချင်း မျက်နှာချင်းမဆိုင်လောက်ဘူးလို့ ထင်မြင်ချက်ပေးကြတာပါလိမ့် ။
ထိုအချိန် ကျန်းဟောင့်ရှိရာ အရပ်ကို လျှောက်သွားတဲ့ ဆောင်းဟန်ဘင်းက လူတွေရဲ့ အာရုံကို ဖမ်းစားထားသည်ဆိုလည်း မမှား
"အိုမို ဒါက ဆယ်နှစ်အကြာ ပြန်လည်တွေ့ဆုံခြင်းမှာ ရန်ဖြစ်ကြတော့မှာ မဟုတ်ဘူးလား"
"ဟာအို မတွေ့ရတာ ကြာပြီနော် အဆင်ပြေရဲ့လား"
"ဟာအို" ထိုနာမည်ကို ခေါ်တတ်တဲ့လူက ဟောင့် အထက်တန်းကတည်းက ဆယ်နှစ် ကြာသည့် အချိန်ထိ လူတစ်ဦးတည်းသာ ခေါ်ဖူးသည်။ ထိုလူက တခြားလူမဟုတ် သူ သိပ်ကိုမှ မြတ်နိုးရတဲ့ ဆောင်းဟန်ဘင်း ဆိုသည့်သူ ။
![](https://img.wattpad.com/cover/340979287-288-k535174.jpg)