Goodbye but not the last

744 95 0
                                    

ကောင်းဖို့တွက်ရွေးချယ်ခဲ့တာလို့မုန်းလိုက်ပါနဲ့ မြတ်နိုးသူ
ကိုယ်အဆင်င့်ဖြစ်တဲ့‌နေ့မှာ ခရင်မ်ရောင်ကျူးလစ်ပန်းတွေကို ကိုင်ရင်း မင်းရှေ့ကို သေချာပေါက်ပြန်ရောက်လာခဲ့ပါ့မယ်

-오직 너 [ONLY U]-

"ဟန်ဘင်းနီး စာမေးပွဲကောင်းကောင်းဖြေနိုင်ရဲ့လား"

ကျန်းဟောင့်နဲ့ဟန်ဘင်းတို့က ဆောင်းရာသီရဲ့ စာမေးပွဲ နောက်ဆုံးရက်ကို ဖြေပြီးလို့ ခရစ်စမတ်ပိတ်ရက်ကို ရောက်လာပြီဖြစ်တယ်။

"အင်း အနေတော်ပါဘဲ ဟာအိုကရော"

"ငါလည်းမင်းလိုပါဘဲ ဟန်ဘင်းနီး ငါ့လက်ကို ကိုင်ပြီး လမ်းလျှောက်ပေးလို့ရလား"

"ဟမ်?"

ဟန်ဘင်းက ကျန်းဟောင့်ရဲ့ စကားကို ခနတာ ကြောင်နေမိပြီးမှ ကျန်းဟောင့်ရဲ့ လက်သွယ်သွယ်လေးတွေကို သူ့ရဲ့လက်ခုပ်ထဲမှာ ဆုပ်ကိုင်လိုက်ပြီး အိမ်အပြန်လမ်းကို ဆက်လျှောက်လှမ်းနေခဲ့တယ်။

"ဟန်ဘင်းနီး မားကော အဆင်ပြေရဲ့လား"

ဟန်ဘင်းရဲ့ မိဘတွေက လွန်ခဲ့တဲ့ တစ်လကျော်လောက်ကပင် တရားဝင် ကွာရှင်းပြတ်ဆဲခဲ့ကြတာဖြစ်တယ်။ အဲ့ချိန်တည်းက ဟန်ဘင်းစိတ်ပင်ပန်းနေမှာကို ကျန်းဟောင့်က သိတာမလို့ ဟန်ဘင်းရဲ့ နားမှာ ကြောင်လေးတစ်ကောင်လို ကပ်တွယ်နေ‌နေမိသည်။
ဟန်ဘင်း ဝမ်းနည်းနေတဲ့ ချိန် မှီခိုလို့ရမယ့် ပခုံးတစ်စုံအဖြစ်လည်း ကျန်းဟောင့်က ဟန်ဘင်းရဲ့ နားမှာ ရှိနေပေးသည်။

"ဟာအို ငါတို့တွေ ခရစ်စမတ်ပိတ်ရက်ကို လျှောက်လည်ကြမလား အရင်တစ်ခါက မင်းကို ငါအကြွေးတင်နေတာရှိသေးတယ်မလား"

"အွန်း ဟန်ဘင်းနီး သဘောလေ ဘယ်နေ့သွားကြမလဲ"

"ခရစ်စမတ်နေ့ကျရင်သွားရအောင် ဟာအို မနက်ကတည်းကနေ ညနက်တဲ့ထိ လျှောက်လည်ရအောင်"

오직 너 [ONLY U] • binhaoWhere stories live. Discover now