Cream tulip

1.2K 123 0
                                    

ခရင်မ်ရောင်ကျူးလစ်တွေရယ်
မင်းရယ် ငါရယ်

-오직 너 [ONLY U]-

-2010ခုနစ် ‌မေလ ကျောင်းသားဟောင်းတွေ့ဆုံပွဲ

"ဟောင့်ကော နောက်ဆုံးတော့ ပေါ်လာပြီဘဲ ကျွန်တော်တို့ကို အကြောင်းပြချက်တောင်မပေးဘဲ ကျောင်းပြောင်းသွားခဲ့တာနော်"

တွေ့ဆုံပွဲကို ရောက်ရောက်ချင်း ရစ်ခီတို့ သုံးယောက်က သူ့ကို စိတ်ဆိုးသလိုဟန်ဖြင့် စကားဆိုလာတော့ ကျန်းဟောင့် ရယ်မိပါတယ်။ နှစ်တွေကြာသွားလည်း သူတို့သုံးယောက်ကတော့ အရင်လိုပါဘဲ မဟုတ်ပါလား။

"မဟုတ်ပါဘူးကွာ ငါလည်း ကိစ္စတွေကြောင့်ပါ တောင်းပန်ပါတယ် ဒီကြားထဲ အဆင်ပြေကြတယ်မလား"

"အကုန်ပုံမှန်ပါဘဲ ဟောင့်ကောရဲ့ ထူးခြားသွားတာဆိုလို့ ကင်ထယ်ရယ် အိမ်ထောင်ကျသွားတာပဲရှိတာလေ ကျွန်တော်တို့နှစ်ယောက်ဆို ခုထိတောင်မယုံနိုင်ပါဘူးဗျာ"

ဂွန်းအုဂီရဲ့စကားကြောင့် ကျန်းဟောင့်မျက်လုံးပြူးရပြန်သည်။ အရင်က သူတို့အုပ်စုထဲ ထယ်ရယ်က အနေအေးဆုံးဖြစ်နေတာမလို့ လူပျိုကြီးပဲဖြစ်ကျန်ခဲ့တော့မှာလို့ စနေကြ အခုတော့ အဲ့လိုကောင်လေးကပင် ထိပ်ဆုံးအိမ်ထောင်ကျသွားခဲ့သည်။ ကံကြမ္မာဆိုတာ တကယ်ကို ပြောလို့မရတာပဲ မဟုတ်ပါလား။

ကျန်းဟောင့်တစ်ယောက် ရစ်ခီတို့နဲ့ စကားလက်ဆုံကျနေတုန်း *အတန်းခေါင်းဆောင် ဟန်ဘင်း ရောက်လာပြီဘဲ* ဆိုတဲ့စကားကြောင့် တစ်ကိုယ်လုံးမှာ စီးဆင်းနေတဲ့ သွေးတွေ ရပ်တန့်သွားရကာ တောင့်တင်းသွားရတော့သည်။

ထိုအမျိုးသားလေးကကော ဆယ်နှစ်တာဆိုသည့် အချိန်မှာ ဘာတွေများ ပြောင်းလဲသွားလောက်ပါမလဲ။ ထယ်ရယ့်လို အိမ်ထောင်ကျနေလောက်မလား မဟုတ်ရင်လည်း သူ့ကို ကတိပေးခဲ့သလို ဒီနေ့ထိတောင် စောင့်နေတုန်းလား ကျန်းဟောင့်တွေးမိပါ၏ ။

"ဟာအို မတွေ့ရတာ ကြာပြီနော် အဆင်ပြေရဲ့လား"

ဟာအို ဆိုတဲ့ နာမည်ကို အနှီးသူရဲ့ နှုတ်က ခေါ်ခဲ့တာကို သိပ်ကိုမှ လွမ်းနေခဲ့ရတာ။ ကျန်းဟောင့် အသံလာရာထံလှည့်ကြည့်မိတော့ အရင်ကလိုပင် နွေးနွေးထွေးထွေးပြုံးလာခဲ့တဲ့ ဆောင်းဟန်ဘင်း။

오직 너 [ONLY U] • binhaoWhere stories live. Discover now