Part 2

627 103 18
                                    

မက်သရူး အိမ်မှာပဲနေရတာ ပျင်းတာမို့ အပြင်ထွက်လည်ချင်ကြောင်း ဘိုးဘိုးကိုပြောတော့ ဘိုးဘိုးက လူတစ်ယောက်ခေါ်သွားဖို့ ပြောပေမယ့် မက်သရူး စိတ်ကျဉ်းကျပ်တာကြောင့်ထားခဲ့က တစ်ခုခုဆို ဖုန်းဆက်ခေါ်ပါ့မယ်လို့ပြောပြီး ကဖေးတစ်ခုကိုသာ လိုက်ပို့ခိုင်းလိုက်တယ်။ ကဖေးမှာ အစားအသောက်မှာတာထွေအထိ အားလုံး အိုကေပင်။ ကဖေးကနေ ပြန်ထွက်လာပြီး အိမ်ကို မပြန်ချင်သေးတာကြောင့် လျှောက်သွာနေတုန်း လမ်းအကူးမှာ

“ကျွီ ”

ကားဘရိတ်သံနဲ့အတူ မက်သရူး တိုက်ပြီဆိုတာ သိလိုက်တဲ့ စက္ကန့်အပိုင်းအတွင်းမှာပဲ ခြေချော်ကာ လက်ခေါက်လဲကျတာမို့။

ကားကို မကြည့်ဘဲ လမ်းကူးနေတဲ့ သူကြောင့် ဂျီဝန်း ဒေါသထွက်မိသွားတယ်။ ဒါပေမယ့် လဲကျသွားတာမို့ ဒေါသထွက်ထွက်နဲ့ ကားပေါ်ကဆင်းလိုက်တော့ သူ့ကိုမြင်တာနဲ့

“တောင်းပန်ပါတယ် ခင်ဗျ။ ကျွန်တော် လမ်းမကြည့်ဘဲ ကူးမိလို့”

ကိုရီးယား လူမျိုးမဟုတ်တာ သိသာနေတဲ့ လေသံနဲ့အတူ လန့်နေတဲ့ ကောင်လေးတစ်ယောက်။ သူ့ကို မြင်တာနဲ့ ကြောက်ပြီး တောင်းပန်နေတဲ့ပုံလေးက ချစ်စရာလေး။

“မဟုတ်တာ ကျွန်တော်လည်း ကားကို အတွေးများပြီးမောင်းလာတာမို့”

ဂျီဝန်း မရည်ရွယ်ဘဲ ထွက်လာတဲ့ သူ့စကားကို သူတောင် အံ့သြမိသွားတယ်။ သူက ဘယ်တုန်းကများ စိတ်နဲ့ လူနဲ့ မကပ်တာ ရှိခဲ့ဖူးလို့လဲ။ ဂင်ဂျီဝန်းဆိုတာ စက်ရုပ်လူသား အရာရာကို တိကျမှ ကြိုက်တာမို့ သူ့ Company က လူတွေတောင် သူ့ကို Robort လို့နာမည်ပေးထာတဲ့အထိ။

“ဘယ်နား နာသွားလဲ”

“လက်က ထောက်ကျသွားတာမို့။ အာ ဟျောင်းကားနဲ့ တိုက်မိတာ မဟုတ်ဘဲ ဒီတိုင်း ခိုင်းမိတာပါ။ နာတဲ့နေရာကိုပဲ ပြောပြတာ”

ပြောနေတဲ့ပုံလေးက ကလေးလေးလို အပြစ်ကင်းပြီး ချစ်စရာလေးမို့ ကားပေါ်က ဆင်းလာတုန်းက ပါလာတဲ့ ဒေါသတွေ ဘယ်နားမျာ ကျကျန်ခဲ့လဲဆိုတာ မရှာမိတော့တဲ့အထိ လူက ပြုံးမိသွားကာ။

Only you deserve it my love (မင်းတစ်ယောက်ပဲ ထိုက်တန်တဲ့ ငါ့အချစ်)Where stories live. Discover now