Part 3

684 97 11
                                    

ပတ်တီးနဲ့မက်သရူးကို ဟျောင်းကရော ဘိုးဘိုးကပါ လိုတာထက် ပိုဂရုစိုက်နေတော့ မက်သရူး အားနာရတယ်။ အထူးသဖြင့် ဟျောင်းပင်။ ကိုရီးယားကို ရောက်ကတည်းက ဘာသာစကားတွေရော ယဉ်ကျေးမှု့တွေရော အခက်အခဲတွေများတိုင်း ဟျောင်းက သူ့ဘေးနားကနေ ပြုံးပြုံးလေး ဖြေရှင်းပေတာမို့ တကယ်ကျေးဇူးတင်ရတယ်။ ဟျောင်းမရှိရင် လုံးဝခက်ခဲလိုက်မယ့်ဖြစ်ခြင်း။ ဟျောင်းက မက်သရူးအတွက် တကယ်ကို အရာရာပင်။ နောက်တစ်ယောက်ကတော့ အားနာရတဲ့ ဂျီအွန်းဟျောင်းပင်။ မက်သရူးကိုနေ့တိုင်း စာရော ဖုန်းရောဆက်ကာ သက်သာလားမေတာမို့ ကိုရီးယားက အဆင်ပြေသလိုပဲ။

ပက်တီးကြောင့် မက်သရူး ခက်ခဲတာက များသည်ပင်။ မိုးလင်းတာနဲ့ ဟျောင်းက မက်သရူးအခန်းကို ရောက်လာပြီးတော့

“မက်သရူး အဆင်ပြေလား”

“ဟင့်အင်”

ဟင့်အင်းလို့ဖြေတဲ့ပုံက ဘယ်လိုမှ မချစ်ဘဲ မနေနိုင်တဲ့ ပုံမို့ ဟန်ဘင်း ရယ်မိကာ မက်သရူး သန့်ရှင်းရေးလုပ်တာကနေ အဝတ်အစား ဝတ်တာအထိ ကူညီပေးတော့

“မက်သရူး Muscle က တကယ်တောင့်ပြီးတော့  Body ကတကယ်လှတာပဲ”

“အင်း ဟျောင်း ဒီမှာထိကြည့်”

ဆိုပြီး သူ့လက်မောင်းကိုပင် လာကြွားနေသေးတယ်။ ဟန်ဘင်းက ထိလိုက်ပြီး

“ဝါး မက်သရူးက မျက်နှာက ချစ်စရာကောင်းပြီးတော့ body ကတော့ တကယ်မိုက်တာပဲ”

“အွင်း” ဆိုပြီး ခုန်ဆွဆွလုပ်နေပုံကလည်း ချစ်စရာ။ ဒီကောင်လေးကို သေးသေးလေးကအစ ကာကွယ်ချင်မိပြီးတော့ နည်းနည်းချင်းတိုးတိုး ချစ်နေမိတာကိုလည်း ဝန်ခံချင်နေမိကာ။ ဆော့မက်သရူး မင်းက ငါ့အတွက် ထာဝရ ငါ့အပိုင်ဖြစ်ရင် တကယ်ကောင်းမှာ။
--_--------+++±+

YN Group က အဘိုး မွေးနေ့မို ဂျီဝန်းတို့ သွားဖို့ပြင်ရတယ်။ ဂျီဝန်းအဖိုးနဲ့ YN Group က ဥက္ကဌက ငယ်ငယ်ကတည်းက သူငယ်ချင်းများပင်။ ဘယ်လောက်ထိ ရင်နှီးလဲဆိုရင် အသီးသီးအိမ်ထောင်ကျတော့ သားသမီးချင်း လက်ဆက်ပေးဖို့အထိ ကတိပေးခဲ့တာ မအောင်မြင်တာမို့ မြေးတွေ အလှည့်ရောက်တော့လည်း ယောက်ျားလေးတွေ ရတာတောင်

Only you deserve it my love (မင်းတစ်ယောက်ပဲ ထိုက်တန်တဲ့ ငါ့အချစ်)Where stories live. Discover now