ဟန်ဘင်းဆင်းလာတော့ ဂင်ဂျီ၀န်း မရှိတော့ပါ။ တမင်နောက်ကျမှ ဆင်းလာတာမို့ မက်သရူးပင် မနက်စာစားပြီးလို့ ဆိုဖာမှာ အကျအနထိုင်ကာ ဘိုးဘိုးနဲ့ စကားပြောနေပြီ။ ဟန်ဘင်းဆင်းလာတာမြင်တော့
"မြေးကြီး မြေးလေးက Company လိုက်မှာဆိုတော့ ဘယ်လို စီစဉ်ထားလဲ"
"လောလောဆယ်တော့ ငပိချက်၊ ထမင်းသိုးလေ ဘိုးဘိုး။ ဘိုးဘိုး မြေးက ဒါရိုက်တာ မလုပ်ချင်ဘူးဆိုတော့ နောက်မှပဲ။ ခုတော့ အလုပ်နဲ့ ရင်းနှီးအောင်ပဲ အရင်မိတ်ဆက်ပေးမလို့လေ"
"မြေးကောင်းသလို စီစဉ်ပါ။ ဘိုးဘိုးက Company အလုပ်တွေ ဘာမှ မ၀င်စွက်ဖက်တော့ဘူးမို့ မြေးသင့်တော်သလို လုပ်ပါ"
ဟန်ဘင်းအပေါ်မှာ နည်းနည်းလေးမှ အချစ်မလျော့ပေးလို့ အဖိုးကိုလည်း ကျေးဇူးတင်ရတယ်။ဒါပေမယ့်လည်း ဒီအချိန်မှာတော့ ပိုင်ဆိုင်သမျှအကုန် ဆော့မက်သရူးနာမည်ကပ်မယ်ဆိုရင်တောင် ဟန်ဘင်းက ပျော်မယ့်သူမို့ အရာရာဟာ လှပပြီး ကျေးဇူးတင်စရာ မနက်ခင်းပင်။
"ခဏနေပါဦး ။ ဘိုးဘိုးနဲ့ ဟျောင်းက မက်သရူးနားမလည်တဲ့ စကားတွေ ဘာလို့ပြောနေတာလဲ"
"ဟေ ဘိုးဘိုးတို့ မက်သရူးနားမလည်တဲ့ စကားမပြောမိပေါင်"
"ငပိချက်၊ ထမင်းသိုးလေ"
ဘိုးဘိုးက ရယ်ကာ ဟန်ဘင်းက မက်သရူးကို အင်္ဂလိပ်လို ရှင်းပြလိုက်တော့ မက်သရူးက မျက်စောင်းထိုးကာ
"ဟျောင်းက ကျွန်တော့်ကို Company မှာ အသုံးမဝင်ဘူးလို့ ပြောတာပေါ့။ ကြည့်နေပါ ဆော့မက်သရူးရဲ့ အသုံး၀င်မှု့ကို ကောင်းကောင်းပြရသေးတာပေါ့"
မက်သရူးက တကယ်လည်း သက်သေပြပါ့တယ်။ မနက်ပိုင်းတော့ အလုပ်အကြောင်းလေ့လာသလိုလိုနဲ့ ဂိမ်းကစားတယ်။ နေ့လည်ဘက်တော့ ဆိုဖာပေါ်မှာ ခွေခွေလေး အိပ်တာ ဟောက်သံလေးများပင် ထွက်လို့။ အိပ်နေတဲ့ မက်သရူးမျက်နှာလေးကို ချစ်မ၀စွားကြည့်ရင်း မင်းကဘအချိန်တိုင်း ချစ်စရာကောင်းနေတာပဲ ဆော့မက်သရူး။
++++-----+++++
ဒေါက် ဒေါက် ဒေါက်
အခန်းတံခါးကို ညင်သာစွာ ခေါက်ပြီး ၀င်လိုက်တော့ ဟောက်သံထွက်နေတဲ့ဘေးမှာ အလုပ်လုပ်နေတဲ့ ဟန်ဘင်း။ ဟန်ဘင်းက အာရုံစိုပ်အလုပ်လုပ်ရတာကို ကြိုက်ပြီးတော့ အနားမှာ ဆူရင် မုန်းတာမဟုတ်ဘူးလား။
YOU ARE READING
Only you deserve it my love (မင်းတစ်ယောက်ပဲ ထိုက်တန်တဲ့ ငါ့အချစ်)
Fanfictionမင်းတစ်ယောက်ပဲ ထိုက်တန်တဲ့ ငါ့အချစ်ဆိုတဲ့အတိုင်း...........ဘယ်သူ့အချစ်က ဘယ်တစ်ယောက်တည်းအတွက်ပဲလဲဆိုတော့ 😁😁 (Spoil တာတွေ အများကြီး မလုပ်တော့ဘူး။ ဖတ်ပေးကြတဲ့ တစ်ယောက်ချင်းစီကို ချစ်ပြီး ကျေးဇူးတင်ပါတယ်♥️♥️♥️