Part 4

570 79 3
                                    

မနက်အစောကြီး ဧည့်သည်ရောက်နေတယ်ဆိုတော့ မက်သရူး လန့်သွားတယ်။ မြန်မြန် အောက်ထပ်ကို ပြေးဆင်းတော့ ဂျီအွန်းဟျောင်းပင်။ လူက ခုမှ နိုးတာရော ညက အိပ်ရေးပျက်တာရောမို့ မျက်လုံးတွေက ဖောင်းအစ်နေကာ

“ဂျီအွန်း ဟျောင်း ပြန်ဆင်းခဲ့မယ် ခဏနော်”

ဆိုပြီး ပြန်တက်လာတော့ လှေကားထိပ်မှာ ဟျောင်းနဲ့ ကွက်တိတိုးကာ မျက်နှာက မှုန်ကုပ်နေတာမို့

“ဟျောင်း ဒီနေ့ Company ကို ခေါ်သွားပေးမှာမလား”

လက်မောင်းကို ခေါင်းလေးဝေ့ကာ ချွဲနေတာမို့ ဟန်ဘင်း းပြုံးမိကာ

“မြန်မြန်လုပ်နော် ဟျောင်းက မစောင့်ဘူး”

မက်သရူး ပါးဖောင်းဖောင်းလေးကို လက်နှင့်ဖဲ့လိမ်ရင်း ပြောလိုက်တော့

“ဟုတ်ကဲ့ ဟျောင်း”

ဆိုပြီး အခန်းထဲပြေးဝင်သွားတဲ့ မက်သရူးကို လိုက်ကြည့်နေတဲ့ ဂင်ဂျီဝန်း မျက်လုံးတွေမြင်တော့ ဒေါသထွက်ရကာ ဂင်ဂျီဝန်း မင်းနဲ့ ငါက ဒီသံသရာအဆုံးထိ ကမ္ဘာ့ရန်ဖြစ်မယ့်ပုံပဲ။

မက်သရူးကို သူ့အပိုင်လိုမျိုး မဏ္ဍပ်တိုင်တက်ပြနေတဲ့ ဆောင်းဟန်ဘင်းကို ထထိုးလိုက်ချင်စိတ်က တဖွားဖွား။ ခဏယာယီ မင်းထိမ်းထားရတဲ့ မက်သရူးကို ထာဝရ င့ါအပိုင်ဖြစ်အောင်လုပ်မှာမို့ စောင့်နေပေး ဆောင်းဟန်ဘင်း။

လှေကားပေါ်ကနေ အပေါ်အောက် ဂျင်းလေး၀တ်ပြီး  ဆင်းလာတဲ့ မက်သရူးကို မြင်တော့ ထွက်နေတဲ့ ဒေါသမှန်သမျှ ဘယ်ချောင်ကို ပြေးပုန်းနေလဲ မသိနိုင်အောင်။ အပြာက ရင်အေးစေတာကို ဆော့မက်သရူးအပြုံးလေးနဲ့ပေါင်းလိုက်တဲ့အခါ

“ဟျောင်း ဘာလို့လဲ”

မက်သရူးမေးမှ စိုက်ကြည့်နေမိတာကို သတိရကာ

“အာ မက်သရူး ညနေဘက်တွေ ဘယ်သွားချင်လဲ။ ဟျောင်းက လိုက်ပို့ပေးမလို့လေ”

“တကယ်လား ဟျောင်း။ အယ် ဟျောင်းတို့ကဖြင့် မအားဘဲနဲ့”

ဟျောင်းတို့ဆိုတဲ့စကားကို နည်းနည်းဘဝင်မကျပေမယ့်

Only you deserve it my love (မင်းတစ်ယောက်ပဲ ထိုက်တန်တဲ့ ငါ့အချစ်)Where stories live. Discover now