'လက်ထပ်ပါ့မယ်'လို့ သူမကပြောလိုက်တဲ့အခါ ၊ နောက်တော့ အခုအခါ ။နွေရာသီဟာ ရပ်သွားသလိုမျိုး ။
အိမ်အဝင်ဝမှာ ဒေါက်သံခပ်ပြင်းပြင်းကို ကြားသလို မကြားချင်ယောင်ဆောင်လိုက်တာပဲဖြစ်သည် ။သတင်းစာကို ဖြက်ခနဲဖြန့်ချလိုက်၍ ခြေချိတ်ထိုင်ဖြစ်လိုက်သလို တံခါးဝကိုတော့ အကဲခက်နေမိတုန်းလည်း ဖြစ်၏ ။
"ကာစီနိုဝိုင်းကကိစ္စကိုရှင်းပေးပါအုံး"
အေးအေးလူလူလေသံနဲ့ ၊ နီညိုရောင်နှုတ်ခမ်းနဲ့တစ်ကိုယ်လုံးကလည်း အရင်နဲ့မတူတဲ့ အရောင်တွေသာ ရွေးသဘောကျတတ်လာတယ်ထင်ရဲ့ ။
'လက်ထပ်ပါမယ်'ပြောကာစက ရိုးရိုးစင်းစင်းကလေးမလေးမဟုတ်တော့ပဲ ကိုယ့်ကိုရရင် ရသလို ကန်ထုတ်ချင်နေတဲ့ ကိုယ့်အမျိုးသမီးသာဖြစ်တော့သည် ။
ယခုဂျင်းနီကို ကိုယ်တစ်စက်ကလေးမှ မနှစ်မြိုပါ ။မထိတွေ့ချင်ပါ ။
"နေပါဦး ? မေးပါဦးမယ် ဘာလင်နိုကငါ့အိမ်ကဘာလို့ငါ့နာမည်နဲ့မဟုတ်တာလဲ"
သတင်းစာကိုပိတ်ပြီး ဂျင်းနီကိုမော့ကြည့်လိုက်မိသည် ။ရနေကျ ရှယ်နဲလ်ရေမွေးနံ့တွေမွှန်ထူနေတာမလို့ စိတ်များလွတ်သွားပြီလားလို့ မဆီမဆိုင်တွေးလိုက်မိသေး၏ ။
သူမအိမ်ထဲဝင်မလာခင်တည်းက ဘဏ်အကောင့်ထဲမှာရှိတဲ့ ငွေတွေဟာထက်ဝက်ကျိုးနေနှင့်ပြီ ။
"မင်းမေးစရာလိုသေးသလား အချစ်"
ခေါင်းကိုမော့ရင်း အသက်ပြင်းပြင်းရှုတယ် ။အသက်ရှုသံကမစအလွတ်ကျတ်ထားတဲ့ကိုယ်ကပဲ အရူးလား ။အကြောင်းအရင်းမရှိ ရယ်လိုက်တဲ့ သူမကပဲ စိတ်လွတ်နေတဲ့ အခွံအလွတ်မိန်းမလား ။
"ကိုယ်အဲ့ဒီစံအိမ်ကိုရောင်းလိုက်ပြီ"
"ဘာ ! "
အထိတ်တစ်လန့်ဂျင်းနီက ခြေမကိုင်မိလက်မကိုင်မိနဲ့ တောင်လျှောက်မြောက်လျှောက်လုပ်တော့တယ် ။သူမအကျင့်ပဲလေ လက်သည်းခွံလေးတွေကို တစ်ဆစ်ဆစ်ကိုက်ရင်းပေါ့ ။
အမှန်တော့ သူမဟာ ကိုယ့်ကို အသာတစ်ကြည် တောင်းတောင်းပန်ပန် အဲ့ဒီစံအိမ်ကိုပြန်ယူပေးဖို့ပြောရမှာ ၊ ဒါပေမဲ့ သူမဟာ မလုပ်ချင်ဘူးတဲ့လေ ။တစ်ခါကလေးမှမလုပ်ခဲ့ဖူးတာဆိုပိုမှန်ပါသည် ။