ပါရီဟာ အတော်ရုတ်ရင်းဆန်ခက်နိုင်သည်ဟု လွယ်လွယ်သာ . . ဆုံးဖြတ်ခဲ့လိုက်သည် ။ကျွန်မသည် ဘယ်တော့မှ မမှားခဲ့ဖူးပါ ၊ မလွဲခဲ့ဖူးပါ ။
'ကော်ယွန်း ကြယ်ပွင့်အသစ်ကလေးအားမိတ်ဆက်ခြင်း'ခေါင်းစဉ်အောက်မှာ ကတ္တီပါအနီရောင်ကော်ဇောအရှည်ကြီးကိုခင်းထားပြီး မီးရောင်တွေလည်းဖြက်ဖြက်လက်နေသေး၏ ။
ကိုယ်ပေါ်က အညိုရောင်ဖဲသားလက်ရှည်ကို မလုံမလဲဆွဲချဖြစ်၍ နားက တစ်တန်းတည်းပုလဲတွေကိုလည်း မမေ့လျော့ဖြစ်ပါ ။လစ်လပ်နေတဲ့ နောက်ကျောဟာ နီစက်စက်ဆိုသည်တောင် အလွန်တောက်ပနေခဲ့မည်ကို သိပါသည် ။
ဖဲသားအညိုပေါ်က ရှိတ်ပြေးအဖြူဇာကျဲတွေကို ကျွန်မသည် အလွန်ချစ်သည် ။လူတိုင်း ချစ်လိမ့်မယ်ကိုလည်း တွက်ထားခဲ့လို့ဖြစ်သည် ။
"အမှန်တဂယ်လည်း မနှစ်တစ်နှစ်ကလို ကော်ယွန်းတွေကြိုဆိုပွဲပါပဲ"
ရိုဇီယာရဲ့ စကားလုံးတွေကို ကျွန်မသည်စိတ်ကုန်နေပြီဖြစ်သည် ။သူမက ဒီပတ်ဝန်းကျင်က လူတွေအကုန်လုံးနဲ့ အကျွမ်းတစ်ဝင် သိတာပေါ့ ။ဒါကိုလည်း ကျွန်မသိပါတယ် ။
သူမကို ကတ်ထူပြားပေါ်မှာ ပင်အပ်ဖြင့်တွယ်၍ ဖျက်ဖျက်လူးအောင် စိတ်ဒဏ်ရာပေးခဲ့ပုံကျသဖြင့် ကော်ယွန်းတွေကိုအလွန်အမင်းမုန်းနေတာဖြစ်လောက်မည် ။ဒါဟာ ကျွန်မနဲ့မဆိုင်လှပါ ။
"အင်း အဓိကဇာတ်ကောင်လာပြီ"
ကျွန်မတို့ထိုင်နေဆဲအနီးနားက စာနယ်ဇင်းသမားတွေ ၊ ဓာတ်ပုံ ၊ ကင်မရာ ၊ မီးရောင်တွေသည် အနက်ရောင်ကားအရှည်ကြီး ရှေ့ကိုဖြက်ခနဲ ရောက်သွားကြတယ် ။ကျွန်မသည် တစ်ခါကလေးမှအဲ့သည်လို ပင့်သက်မရှိုက်ဖူးပါ ။
ကျွန်မ၏ စိတ်ပျက်မှုကို မျက်နှာပေါ်မှာမပေါ်မလွင်အောင် မနည်းထိန်းလိုက်ရသေးသည် ။
လူအုပ်ဟာ ရုတ်တရပ်ရှဲခနဲ ကွာကျသွားတော့ အဲ့ဒီကောင်မလေးပုံရိပ်က ကျွန်မမျက်လုံးထဲမှာ ကွက်ကွက်ကွင်းကွင်းပေါ်လာတယ် ။
ငယ်တယ် ၊ ထက်မြက်တယ် ၊ လည်တယ် ။အထူးသဖြင့် ဘဝကိုနှလုံးသားနဲ့ ခံစားဦးမဲ့အရွယ်ကလေး ။