အိပ်ရာပေါ်မှာ ကျွန်မတို့နှစ်ယောက်ခန္ဓာကိုယ်တွေခြင်းပူးကပ်သွားသည် ။ဒါပေမဲ့ ဘန့်ကိုကျွန်မစမနမ်းမိပါ ။သူမလက်မောင်းတွေကို လက်ချောင်းတွေနဲ့တင်းတင်းဆုပ်ထားတာကလွဲလို့ ဘယ်လိုဆက်တွေးတောရပါမလဲလို့လည်း မစဉ်းစားတတ်တော့ဘူး ။
"ခေါင်း . . ခေါင်းနောက်လို့ ခဏ"
ခေါင်းကိုလက်ဖဝါးနဲ့ကာလိုက်ပြီး အသံတွေတုန်ယင်လျက်ကနေ ကျွန်မဟန်လုပ်မိသည် ။ဘုရားရေ အမှန်တော့ ကျွန်မဘန့်ကိုသက်သက်ငြင်းမိလိုက်တာပါပဲ ။
*****
ဒီနေ့ဟာအော်ဂုတ်ရဲ့အစဆုံးရက်ဖြစ်သလိုဂျူလိုင်လကို ကျော်ဖြတ်ခဲ့သည်သာဖြစ်၏ ။လိုက်ကာတွေကိုဆွဲခွာ၍ အိပ်ရာပေါ်မှာ လှဲနေတဲ့ဂျင်းနီကို ကိုယ်တစ်ချက်ကြည့်လိုက်တယ် ။ဂျင်းနီမှာ ကိုယ်နဲ့ပတ်သတ်လို့အကောင်းအတိုင်းမွေးမြူထားရမဲ့ တံခါးချပ်တွေမရှိသလောက်ဖြစ်နေပြီဆိုတာ သတိထားမိပါတယ် ။
သစ်ရွက်တွေကြွေမယ် ။စွန်ကြိုးတွေပြတ်မယ် ။
နောက်တစ်ဆောင်းအထိတော့ မျှော်လင့်ပြီး ကိုယ်လည်းဒါတွေကို အကောင်းအတိုင်းရှိနေစေချင်သေးတယ် ။ကိုယ့်၏ အထိအခိုက်မခံနိုင်တဲ့ အရာရာကိုဂျင်းနီက ဟာသလိုလုပ်ခဲ့ဖူးသည် ။သူမ မရည်ရွယ်ဘူးဆိုတာလည်း ကိုယ်သိပါတယ် ။ကိုယ်လည်း မရည်ရွယ်ပဲ ကိုယ်နဲ့ဂျင်းနီရဲ့အရာရာကို ဟာသလုပ်ပစ်ချင်နေတာပဲ ။
သူမ ကိုမချစ်တာလည်းမဟုတ်ဘူး ။ကိုယ်ခိုင်ခိုင်မာမာချည်နှောင်ထားချင်တဲ့ ဒီအိမ်ထောင်ရေးဟာ အခက်မသင့် ကျရှုံးသွားတယ်လို့ ရိုးရိုးလေးခံစားမရနိုင်ရုံပဲ ၊ လူတစ်ယောက်ဟာ လူတစ်ယောက်ကို ဆုံးရှုံးရတာ ဘဝပျက်စေလောက်တဲ့ ကိစ္စကြီးကြီးမားမားဖြစ်ကြောင်းလည်း ကိုယ်တို့သိပါသည် ။ကိုယ့်ကိုချန်မသွားစေချင်တာဖြစ်၍ ဂျင်းနီဟာ ကိုယ့်ရဲ့အရာရာမလို့လွှတ်မချနိုင်တာသာဖြစ်ပါသည် ။သူမသာ ဆက်ဒီလိုမျိုးလေးရှိနေစေချင်ရင် ကိုယ်တို့သာ ဒီနေရာမှာ ဆက်ရပ်နေချင်ရင်ပေါ့ ။
"အောက်ခ်ျ့"
ဂျင်းနီမျက်နှာက ပန်းရောင်ပြေးနေသည် ။ဆံပင်ကိုလက်တစ်ဖက်နဲ့သပ်တင်ပြီး ကိုယ့်ကိုပုံမှန်အတိုင်းမော့ကြည့်သည် ။