ထီးအောက်မှာ မျက်ဆံအညိုတွေကို လီဆာ သတိထားမိသည် ။ရင်းနှီးသည် ။ဒါ့အပြင် ရိုက်ခက်မှုပြင်းပြင်းထန်ထန်ကိုလည်း မမေ့လျော့နိုင်ပါ ။
မိန်းမတစ်ယောက်ကို သည်လောက်ချစ်နိုင်တဲ့အတွက် ကိုယ့်အတွက်ကိုယ်သာ လက်ခုပ်သံခပ်ကျယ်ကျယ်တွေကို တီးပေးလိုက်ချင်သေး၏ ။
ကိုယ်သည် မမေ့နိုင်သူလေ ။သူမဟာတော့ သိတောင်မသိခဲ့တဲ့ ဖြတ်သွားဖြတ်လာသူစိမ်းသက်သက်ပါ ။
"ပမ်ပါပ့်ဒိုရာမှာစောင့်နေမယ်"
နီးသည်ဆို၍ အလွယ်နည်းကိုအားကိုးမိလိုက်တဲ့ ကိုယ်သည် အလွန်မှားလေပြီ ။လမ်းထောင့်မှာ စားသောက်ဆိုင်ရှိနေတာပဲ အဆင်ပြေပါပြီဟု အတွေးကိုလည်း စောနက ပမ်ပါပ့်ဒိုရာထဲကို မဝင်ခင်စဉ်းစားလိုက်ရင်ကောင်းမည် ။
ကိုယ်သည် အသက်ရှုအောင့်ထားလျက်ကနေ ယောင်ယမ်းပြီး ထိုင်ခုံကိုတောင် လက်ချောင်းတွေနဲ့ ခပ်တင်းတင်းဆုပ်ထားမိလိုက်သေး၏ ။
"အချစ်ကလေးရေ ငါတို့ကတော့ မင်းနဲ့ရှိနေရတာကိုပျော်မဆုံးပါပဲ"
"ကိုယ်လည်းပဲ ကိုယ့်အတွက် ဂုဏ်ယူနေတယ် အမှန်ပါ"
လန်ဒန်မှာ ဆက်ပိတ်မိနေဆဲကိုယ့်၏ အလုံးစုံသည် သူမအပေါ်ကိုပုံကျလိုက်စေချင်၏။အရင်အတိုင်းဖော်ရွေတုန်းဖြစ်ပြီး သူမကိုယ်သူမလည်းအလွန်အမင်း ချစ်တတ်နေတုန်းပဲ ။
လီဆာ သူမကို လက်မခံနိုင်ခဲ့တာ ဒါတွေကြောင့်သာဖြစ်ခဲ့တယ်ဆိုရင် သူမဟာ ရယ်လိမ့်မယ် ။'ကိုယ့်ကိုချစ်ရင်ကိုယ်နဲ့ပတ်သတ်သမျှ မင်းချစ်နိုင်ရမှာပေါ့' လို့လည်း စိမ်းသက်သက်ပြောလာလိမ့်မယ် ။
သူမကိုသာ ချစ်ခဲ့တာလေ ။သူမ အတွေးအမြင်တွေကို ချစ်ခဲ့တာမှမဟုတ်လေပဲ ။
"ခရစ်စတင်းဆူးယာရဲ့ အမြင်တွေကို တို့တွေက အမြဲလိုနေမှာ"
ဝိုင်ခွက် နှုတ်ခမ်းချင်း ပွတ်တိုက်သံတွေကို ကိုယ်ကြားတယ် ။ပန်းကန်ထဲက ပဲသီးရှည်နဲ့ကြက်သားကို စိတ်မရှည်လက်မရှည်ဖဲ့ရွဲ့နေမိသလို ဂျင်းနီကို တမ်းတမိ၏ ။
ဂျင်းနီဟာ လွန်ခဲ့တဲ့တစ်ပတ်က အဲ့ဒီပြင်သစ်သူလေးနဲ့ကိစ္စကို ကိုယ့်ဆီ အမှန်အတိုင်း ဝန်မခံခဲ့ပါ ။သူမတွေးတောနေတာတွေက မှားယွင်းသည်ဆိုတောင် ကိုယ်သည်လည်းပဲ ဒီအတိုင်းကျော်သွားမှာလို့သာဖြစ်၏ ။
အခြေအမြစ်မရှိတဲ့ မေးခွန်းကိုမေး၍ ရလာမဲ့အဖြေကိုတောင် လိုချင်ရဲ့လားလည်း မပြောတတ်ပါ ။
အမှန်တစ်ဂယ်ဆို ကိုယ်သည် ယခုအရာအားလုံးနဲ့ထိုက်တန်တယ်ဟုသာ တွေးပစ်လိုက်ချင်သည် ။ဂျင်းနီပြင်ပေးတဲ့ စပါကတီ မကောင်းမကန်းကို ထပ်စားချင်သေး၍ သူမဗီရိုကိုလည်း ရှင်းပေးချင်သေး၏ ။
ဂျင်းနီဟာ ရုတ်ခြင်းပြောင်းလဲသွားတာမျိုးမဟုတ်ပေမဲ့ သူမသည် အဲ့သည်အအခြေအနေမှာနေရတာကနေ ငြီးငွေ့လို့ ပုံစံအသစ်ကို လက်ခံလိုက်ပုံသာကျ၏ ။ရေမွှေးနံ့ပြင်းပြင်း မခံနိုင်ရာကနေ တန်ဖိုးကြီးရေမွှေးတွေကို တစ်ခါခါ မွှန်ထူနေအောင်စွတ်တယ် ။ဆံပင်တွေကို အကြောင်းအရင်းမရှိ ကောက်ပစ်၍ ကိုယ့်ကိုတောင် စိတ်ဝင်စားသေးရဲ့လားလည်း သေချာလက်မခံတတ်ပါ ၊ ကိုယ်အဆင်ပြေနေတာတော့ မလိမ်နိုင်ပါဘူး ။ဂျင်းနီက ကိုယ့်ဘေးမှာ ရှိနေတုန်း ၊ 'အချစ်'လို့လည်း ခေါ်နေတုန်း ။
ကိစ္စဟာ ကြီးမားပေမဲ့ ဂျင်းနီဟာ ကိုယ့်အတွက် လုံလောက်ပါတယ် ။
"အားနာပါတယ် ကိုယ့်အချိန်စေ့ပုံကျပြီ"
သူမရဲ့ ဩရှရှအသံက လီဆာ့အတွက် နားထောင်ကောင်းတုန်း ။ဆိုင်ထဲကနေ နူးနူးညံ့ညံ့လေး လျှောက်သွား၍ သူမရဲ့ပျင်းစရာကောင်းတဲ့ ကားအညိုရောင်ထဲကို ဝင်သွားသည် ။ကိုယ်သည် အကြည့်မလွှဲနိုင်ပါ ။ပခုံးပြင်ကျဉ်းကျဉ်းလေးကြား မျက်နှာတိုးလို့နမ်းခဲ့ဖူးသည် ။
နှုတ်ခမ်းပေါ်မှာ အညိုရောင်လွင့်လွင့် ဖျော့တော့တော့သာကျန်တော့၍ နားမှ ပုလဲနားကပ်လေးဟာ အလွန်လှပါသည် ။သူမသာအနားမှာ ရှိနေဖြစ်ရင်လည်း ဂျင်းနီလောက်တော့ ချစ်နိုင်မယ်မထင်ရဲ့ ။
'ကိုယ် ဒီမနက်ပဲသိခဲ့တယ် သိလား အချစ်လေး ကိုယ့်နေရာက ပဲရစ်မှာပဲ'ဟုသာဆိုပြီး စာတစ်စောင်တောင် ကိုယ့်အတွက်မထားခဲ့တဲ့ဖြစ်ရပ်ကြီးဟာလည်း ကိုယ့်အတွက် တံဆိပ်နှိပ်နှင့်ပြီးသားဖြစ်၏ ။
ခရစ်စတင်းဆူယားမှမဟုတ်လေပဲ ။ကင်မ်ဂျီဆူးဆိုတဲ့ အာရှသူလေးလေ ၊ ဂုတ်ထောက်နေတဲ့ဆံပင်အညိုရောင်နဲ့ ၊ နက်ပြာရောင်ဆွယ်တာကိုဝတ်ထားပြီး ၊ သူမ မနှစ်မြို့တဲ့ ပုလဲတွေနဲ့ တွေ့ရရုံကလွဲလို့ သူမဟာ ကိုယ့်ရဲ့ ကင်မ်ဂျီဆူးပါပဲ ။
ဘုရားရေ . . ကြားထဲကကားမှန်ခြားတဲ့ဆီက မျက်လုံးအညိုရောင်တွေက လီဆာ့ဆီဘာလို့ရောက်လာရပါလိမ့် ။
_lalarissaxm_