4

122 12 0
                                    

ကွင်းထဲကို ကောင်းကင်ရောင်အပြာနုကားတစ်စင်းသည်ဆိုက်ဆိုက်မြိုက်မြိုက်ဝင်လာသည် ။မျက်မှန်ကိုခေါင်းပေါ်ပင့်တင့်၍ အကဲခက်တော့ ဟိုမိန်းကလေးသာဖြစ်ပြန်၏ ။

ကော်ယွန်းတွေမှာ ကိုယ်ပိုင်ဂေါက်ကလပ်ရှိပါတယ် ။သူမဟာဒီကို အကြောင်းမရှိအကြောင်းရှာလို့ ဘာတွေလာရှာပါလိမ့် ။နှိုက်ချွတ်ဖို့ပဓာနတွေကိုလာကောက်တာတော့ သေချာသည် ။ဒါကိုလည်း ကျွန်မအပြင်ဘေးနားက အမြွှာညီအစ်မလည်းသိသည် ။

"ပြန်တွေ့ရကြပြန်ပြီ"

'ဝမ်းမသာပါဘူး မိန်းကလေးရေ'လို့ပြောလိုက်ရင် ရိုင်းရာကျမယ်မှန်းသိတာမလို့ နောက်ကျောပေးပြီး ဂေါက်တံကိုလွှဲရိုက်မိလိုက်၏ ။နောက်တစ်ခေါက်ကြ ကွင်းထဲမှာပဲဇီယာနဲ့အချိန်ကုန်တာကောင်းမည်လို့ဟု တွေးမိပြန်သည် ။

ဇီယာ့အမွှေးအမျှင်တွေက နူးညံ့ပြီး ရွှေအိုရောင်သမ်းနေတာ ၊ ကျွန်မအတွက်တော့ သူမဟာသိပ်ခမ်းနားတဲ့မြင်းမလေး ။

"ဘဲလ်နဲ့လီလီနှစ်ယောက်လုံးက ကျွန်မအတွက်တော့တစ်ဂယ်လည်း အရေးကြီးပုဂ္ဂိုလ်တွေပါ"

"အို ဒီလိုဆိုတို့တွေကသိပ်ပျော်တာပေါ့"

ကော်ယွန်းဆိုတဲ့ကောင်မလေးက ဂျယ်လီနာ့ရိုင်ခါးကိုဖက်ထားပြီး ဂျယ်လီနာရိုင်ကသူမတံတောင်ကိုအသာပြန်တွယ်ဖက်ထားသည် ။ကြည့်ရတာ ရုန်းရင်းဆန်ခက်တဲ့ပွဲတွေထပ်မံအဖိတ်ကြားခံရသည်ထင်၏ ။

ကျွန်မလက်ထဲကစီးကရက်ရဲ့ဖင်စီခံမှာကျွန်မ မနက်ကဘန့်ဆီကအကြံပေးထားတဲ့ နီညိုရောင်နှုတ်ခမ်းအဆီတွေစွန်းနေသည် ။နှုတ်ခမ်းပေါ်မှာကျန်နေသေးဖို့တော့ ဆုတောင်းပါရဲ့ ။ညိုနေမဲ့ ခြောက်ကပ်ကပ်နှုတ်ခမ်းကိုတော့ ဘယ်သူ့ကိုမှမမြင်စေလိုပါလေ ။

"ဂျင်းနီ မှတ်မိတယ်မဟုတ်လားဟင်"

"တို့တော့ကော်ယွန်းဆိုတာပဲ သိတော့တယ်"

သူမဟာ ခပ်စစကလေးပြုံးလာသည် ။

"စိတ်မကောင်းဖြစ်တယ်ပြောရင် ဂျင်းနီက ရယ်ဦးမယ်"

ဒီစကားကြမှ ကျွန်မရယ်မိပြီဖြစ်၏ ။ပခုံးတွေတစ်သိမ့်သိမ့်တုန်သည်အထိ ရယ်မိတာဖြစ်သည် ။

OPEN ARMSWhere stories live. Discover now