(15. 2)
သူတို့ ပြေးလွှားနေစဥ် စုယွမ် က သူ့ရဲ့ စိတ်ထဲက သံသယ တွေကို ထုတ်မေး လိုက်လေတယ်။
'' မင်း က ဘာမျိုးစိတ် လဲ''
ငှက်ငယ်လေး က အရမ်းကိုပဲ ချက်ချင်း မော်ကြွား သွားကာ ရင်ကိုမြှင့် ခေါင်းကို မော့ပြီး ပြောလိုက်တယ်။
'' သား က ဖီးနစ်ငှက်လေ။ သားနာမည် က ဖုန်းရှီ လို့ ခေါ်တယ်။ အကိုကြီး သားကို ရှီရှီ လို့လည်း ခေါ်နိုင်တယ် ''
ဖီးနှစ်ငှက်.... !
စုယွမ် က သူ့ခြေထောက် နဲ့ သူ ပြန်ပြီး ခလုတ် တိုက်လုနီးပါးပဲ။
ဒါဆို သူ အရမ်းကံကောင်း ပြီး ရထားတဲ့ ဥလေး က ဖီးနစ်ငှက်ဥ ပေါ့။ ပြီးတော့ အဲ့တာကို မြွေမကောင်းဆိုးဝါး ကလည်း သူ့အတွက် စာချုပ်ချုပ် ပေးခဲ့တယ်။
စုယွမ်က မျက်လုံး လေး ပင့်ကာ သူ့ရှေ့က ရှီရှီ လို့ခေါ်တဲ့ ဖီးနစ် ငှက်လေး ကို သေသေချာချာလေး ကြည့်လိုက်တယ်။
အဲ့ကောင်လေး ကို ကြည့်ရတာ တော့ ငှက်ပိစိလေး ပဲ ရှိပါသေးတယ်။ ဒါ့အပြင် သူက တစ်ခါမှ ဖီးနစ်ငှက်ကို မတွေ့ဘူးတဲ့ အပြင် ထိုကောင်လေး ရဲ့ဥပေါ်မှာ လဲ ရှုပ်ထွေးနေတဲ့ ပတ်တန် တွေကို မတွေ့ခဲ့ ရဘူးလေ။
သေချာပေါက် ဖီးနစ် တစ်ကောင် က အဲ့လို မဖြစ်သင့်ဘူး မဟုတ်လား။ ကြည့်ရတာတော့ ဒီကလေးလေး က မွေးလာပြီးတဲ့ နောက် လိမ်တက် လာတာ ပဲ ဖြစ်ရမယ်။
မေ့လိုက် ပါတော့ ။
အဲ့ကောင်လေး က အသက်ငယ်ငယ် လေးပဲ ရှိနေသေးတဲ့ အတွက်ကြောင့် အဲ့တာ ကို ဂရုမစိုက်တော့ဘူး ။
၃ ရက် ကြာပြီးတဲ့နောက် စုယွမ် က ရှီရှီ နောက်ကနေ လိုက်လာရင်း နဲ့ မြို့တစ်မြို့ကို ရောက်လာ ခဲ့တယ်။
ထိုမြို့လေး က အရှေ့ဘက် နယ်မြေနဲ့ အနောက်ဘက် နယ်မြေ ကြား က နယ်စပ် နေရာမှာ တည်ရှိတာ ပဲ ဖြစ်လေတယ်။ စုယွမ် သိတာ တစ်ခု ကတော့ သူက အရင်တုံး က အရှေ့ဘက် နယ်မြေ မှာ မွေးဖွားတယ် ဆိုတာကို ပေါ့။
ထိုမြို့ကို စန်းဟွား မြို့လို့ ခေါ်လေတယ်။ ဘာလို့လဲ ဆိုတော့ အဲမြို့ဘေး က တောအုပ်ထဲမှာ ပန်းပွင့်တွေ ဖွေးဖွေးလှုပ်အောင် ပွင့်တဲ့ အပင်ကြီး ၃ ပင် ရှိလို့ ပဲ ဖြစ်လေတယ်။ ထိုမြို့မှာ အရှေ့ဘက် နယ်မြေ နဲ့ အနောက် ဘက် နယ်မြေ တို့က လူတွေ က ရောနှော နေထိုင် ကြလေတယ်။ အမှန်တိုင်း ပြောရရင် လူသား နဲ့ မကောင်းဆိုးဝါး တွေပေါ့။
YOU ARE READING
(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)
Random' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 complete #not_own_this #just_translation (တနင်္ဂနွေ နေ့တိုင်း update ရှိပါတယ်နော်)