(32)
ရွှီးဟယ် က အစာဘူး ကို သယ်လာကာ သူမရဲ့ မျက်နှာပေါ်မှာ တော့ ကြင်နာ တက်တဲ့ အပြုံးလေး တစ်ခုကို ပန်ဆင် ထားလေတယ်။ ကျက်သရေ ရှိတဲ့ အလှလေး ဖြစ်နေ ပေမယ့် သူမရဲ့ အမူအရာ က အနည်းငယ်တော့ ရှုပ်ထွေး နေခဲ့လေတယ်။
ရွှီးဟယ် ရဲ့ စိတ်အခြေအနေ က တကယ်ကို မကောင်းပါပေ။ သူမနဲ့ စီးထူယန် က အစကတည်း က နက်ရှိုင်းစွာ ချစ်ကျွမ်းဝင် နေ ပြီသား ဖြစ်ပေမယ့် တစ္စေ မင်းသမီး လုကျီ က ကြားဖြတ် ပြီးတော့ ဝင်ရောက် လာခဲ့တယ်လေ။
မနေ့က တစ်နေကုန် အရှုပ်အထွေး တွေနဲ့ ပြည့်နေ ပြီးတော့ သူမ အချော့ခံ လိုက်ရရင် တောင်မှပဲ ညရောက်တဲ့ အခါ သူမက ဘယ်လိုလုပ် ကောင်းကောင်း အိပ်ပျော် နိုင်မတဲ့လဲ။
လုကျီ မပေါ်လာခင် တုံး ကဆို စီးထူယန် က သူမရဲ့ လက်ပေါ်မှာပဲ ။ သူမ ကြိုက်သလို သူ့ကို ကစားလို့ လုပ်လို့ရတယ်လေ။ မမျှော်လင့် ထားတာက တစ္စေ မင်းသမီး လုကျီ က သူမထက် ပိုပြီးတော့ အားနည်း မနေတာပဲ။
သူမ တို့ နှစ်ယောက် က ပြန်လည်သင့်မြတ် ဖို့ဆိုတာက မဖြစ်နိုင်ပေ။ ပြီးတော့ ထိုလုကျီ က သူမထက် ပိုပြီးတော့ အားနည်နုနယ် ပုံပေါ်ကာ ပြီးတော့ သူမထက် ပိုလှတာကို ဝန်ခံ ပါတယ်။ လုကျီ ကို ကြည့်လိုက်တိုင်း ယုယချော့မော့ ပြီးတော့ အလိုလိုက် အကြိုက်ဆောင် ပေးချင်စိတ်တွေ အလိုလို တိုးလာတဲ့ အထိ ကို ဖြစ်ပေါ်စေတယ်လေ။
ယောကျာ်း တစ်ယောက် က အဲ့တာကို ဘယ်လို လုပ် ခုခံ နိုင်မှာတဲ့လဲ။ ဒါကြောင့် စီးထူယန်က သူမ ဆီကနေ ဆွဲဆောင် ခံလိုက် ရတာပေါ့။
ဒီနေ့ မနက်ခင်း သူမ ထတဲ့ အချိန်မှာတော့ သူမရဲ့ ခေါင်းက ပေါက်ကွဲထား သလိုမျိုးကို နာကျင်နေခဲ့တာ လေ။ ဒါပေမယ့် အဲ့ထဲ ပိုအရေးကြီးတဲ့ ကိစ္စ ရှိနေဆဲ ဖြစ်လို့ သူမ က အဲ့တာ ကို ခဏ ဘေးဖယ် ထားလိုက်တယ်။
မြွေဘုရင် ကို အမြစ်ဖြတ် သုတ်သင် ဖို့က သူမ ကလန်က ပေးအပ်လိုက်တဲ့ အဓိက တာဝန် ပဲလေ။ ဒါက မြွေနန်းတော်ကို သူမ ရောက်လာ ရတဲ့ အဓိက အချက်ပဲ ။ အဲ့တာကို သူမရဲ့ ငယ်ချစ်ဦး လို မျိုး အချစ်ကြောင့် နဲ့တော့ နှောင့်နှေး ကြန့်ကြာ စေလို့ မဖြစ်ပါပေ။
أنت تقرأ
(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)
عشوائي' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 complete #not_own_this #just_translation (တနင်္ဂနွေ နေ့တိုင်း update ရှိပါတယ်နော်)