(42.2)
အသိစိတ် မလွတ် သွားခင် အချိန်တုံး က မြွေကြီး ရဲ့ နာနာကျင်ကျင် ညီးတွားသံ နဲ့ သူ့ကိုယ်ပေါ်ကို စိုလာတဲ့ သွေးအချွဲတွေကို စုယွမ် သေသေချာချာ ကြီး မှတ်မိ လို့ နေပါ သေးတယ်။
စုယွမ်က ရုတ်တရက် ကြီး အေးစက်သွား သလို ခံစားရပြီးတော့ ဘေးပတ်လည် ကို လှည့်ကြည့်ကာ ယင်းလင်းရဲ့ လည်ပင်းက အမွှေးတွေကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း မေးလိုက် လေတယ်။
'' ငါ့ကို ရှာတွေ့တုံး က ငါ့ကိုယ် ပေါ်မှာ သွေးတွေ အများကြီး ပဲလား။ ပြီးတော့ ငါ့ဘေးမှာ တစ်ယောက် ယောက် များ လဲနေတာ ကိုတွေ့ သေးလား? ''
စုယွမ်ရဲ့ ရုတ်တရက်ကြီး ရက်စက်မှု နဲ့ သန်မာ မှုကြောင့် ယင်းလင်း အရမ်းကို အံ့သြ သွား ပေမယ့် စုယွမ် က သူတို့ မျိုးနွယ်ရဲ့ ပထမတန်းစား အဆင့်ရှိတဲ့ ကာကွယ်ပေးရမယ့် သူ ဖြစ်နေပြီလေ။
သူက စုယွမ်ကို နာကျင်အောင် မလုပ်ရဲ တာကြောင့် သူ ပြန်တောင် မခုခံ ရဲခဲ့ပါပေ။ စုယွမ် က သူ့လည်ပင်းကို ကိုင်ထားတဲ့ အတိုင်းပဲ သူက ပြန်ဖြေပေး လိုက်ရ လေတယ်။
'' အဲ့အချိန်တုံး က ခများ တစ်ကိုယ်လုံး သွေးတွေနဲ့ တစ်ကယ်ပြည့်နေ ပြီးတော့ လုံးဝကို သွေးအိုင်ကြီး လိုကို ဖြစ်နေ ခဲ့တာပါ။ ဒီလောက်သွေးတွေ အများကြီး ထွက်မှတော့ ခများကို လုံးဝ မကယ်တင် နိုင်တော့ဘူး လို့ ငါတို့ ထင်ခဲ့ ကြတယ်။ ဒါပေမယ့် ခများ က လုံးဝ အသက်ရှု မရပ်သွားတာကို ရှာတွေ့ခဲ့ ရတယ်။ ပြီးတော့ ထိုသွေးတွေ အကုန်လုံး က ခများသွေးတွေ မဟုတ်ပေမယ့် အဲ့အချိန်မှာ ခများဘေး ဘယ်သူမှ မရှိတဲ့ အပြင် ခများ တစ်ယောက် ထဲပဲ ပြုတ်ကျ လာခဲ့တာ ပါ ''
ထိုအချက်နဲ့တင် ဘာတွေ ဖြစ်ခဲ့တာ လဲဆိုတာကို ယင်းလင်း က အကြမ်းဖျင်းတော့ ခန့်မှန်း မိခဲ့ လေတယ်။
စုယွမ် က ဒီနေရာကို တစ်ယောက် ယောက်နဲ့ အတူတူ ရောက်လာ ခဲ့တာ ဖြစ်ပေမယ့် အဲ့တစ်ယောက် က စုယွမ်ကို ကာကွယ်ပေး ဖို့ရာ အတွက် အသက်ပေး သွားရတာ ဖြစ်မယ်။ အဲ့အကြောင်း တွေးမိတော့ ယင်းလင်း က ထိုလူ အတွက် စိတ်မကောင်း မိ သလို ခံစား ရလေတယ်။
YOU ARE READING
(Complete)အေးစက်တဲ့မြွေဘုရင်ကြီးကိုလက်ထပ်ဖို့ တွန်းအားပေးခံရတယ် (Bl)
Random' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 complete #not_own_this #just_translation (တနင်္ဂနွေ နေ့တိုင်း update ရှိပါတယ်နော်)