🔹1

2.6K 211 58
                                    

"အဲ့ကောင်က တစ်အားမာနကြီးတာ လူကို မတူသလိုမတန်သလိုနဲ့"

ဘေးနားက အတင်းတုတ်သံတွေကြောင့် ဂျောင်ကုမရည်ရွယ်ပဲကြားလိုက်ရသည်။ ခပ်ချောချော လူတစ်ယောက်က သူ့ဟာသူထိုင်နေတာကို ကောင်မလေး တစ်ယောက်က ဒူးထောက်ကာ ငိုပြနေချင်း။

"ဆော့ဂျင်~~ ငါအနူးညွှန့်တောင်းပန်ပါတယ်ဟာ!! ငါ့အကိုကို ခွင့်လွှတ်ပေးပါ "

လက်အုပ်ချီကာ ရှီခိုးမတတ်ပြောနေပေမဲ့ အရေးမစိုက်တဲ့သူက နားကျပ်တပ်ကာထွက်သွားသည်။ ဂျောင်ကုတောင်အံ့ဩရသည် ဘယ်လိုတောင်မာနကြီးရတာလဲ!!

"ဂျွန် ဘာငေးနေတာလဲ"

နောက်က ယွန်းဂီအသံကြောင့် ဂျောင်ကု အကြည့်လွှဲကာ ယွန်းဂီကိုသာရီပြလိုက်သည်။ ဆောင်းဦးမို့ ယွန်းဂီက အနွေးထည် အစိမ်းနုလေးနဲ့ အသားလေးတွေဖွေးဥနေတာ။ ပါးလုံးလုံးလေးနဲ့ တကယ်ချစ်စရာလေး။

"ဘာမှမဟုတ်ပါဘူး ယွန်းဂီ ဘာစားပြီးပြီလဲ"

"အိမ်ကစားလာတယ် ဂျွန့်ကိုတွေ့လို့ လာနှုတ်ဆက်တာ ပြီးတော့ ညနေ အိမ်မှာပွဲရှိတယ် "

"ယွန်းဂီမွေးနေ့မလား ကိုယ်က လက်‌ဆောင်တောင်ပြင်ပြီးပြီနော်"

သူစိုက်ကြည့်ကာပြောတော့ ယွန်းဂီက "ဖိတ်စာမပေးတော့ဘူးနော်" ဆိုပြီးထွက်သွားသည်။ သူယွန်းဂီကိုသဘောကျတာမို့ ညကျရင်ဖွင့်ပြောဖို့တောင်စဉ်းစားထားတာ။

_ 🤎 _

"ဆော့ဂျင် အဲ့တာတွေ လုပ်မနေပါနဲ့တော့ ဂီနဲ့နောက်မှာ မုန့်ကူပြင်ပေး"

ပန်းအိုးတွေသယ်နေတဲ့ ဆော့ဂျင်က တစ်ချက်ရပ်သွားပြီး

"မေမေကြီးက ခိုင်းထားလို့ပါ သခင်လေး ဆော့ဂျင်ပြီးတာနဲ့ လိုက်လာခဲ့ပါမယ်"

ငြင်းခံရပေမဲ့ ယွန်းဂီမခံစားရပါ။ ရိုးလွန်းလို့ နှလုံးသားက ခံနိုင်ရည်ရှိနေလေပြီ။ ဒီည အတောက်ပဆုံးဖြစ်အောင်ပြင်ထားပေမဲ့ အကြည့်တစ်ချက်တောင် ဝေ့မလာတဲ့ ဆော့ဂျင်ကြောင့် ယွန်းဂီ ထွက်လာခဲ့လိုက်သည်။

သူ ဟိုဆော့ ပြောတဲ့ အကြံညဏ်ကို သုံးသင့်လားမသိ။ အိမ်တော်ထဲက အငယ်ဆုံးလေးဆိုတော့ စိတ်ဆိုးလဲခဏပေါ့။ သူကတော့ ဆော့ဂျင်ကို တကယ်ချစ်တာမို့ ပိုင်ဆိုင်ချင်မိတယ်။

• ᴘʀɪᴅᴇ • [✔︎]Where stories live. Discover now