🔹3

1.6K 212 51
                                    

"ဦးလေးကို သက်ညှာပေးတဲ့အနေနဲ့ စဉ်းစားပေးလို့မရဘူးလားဟင်"

အချိန်ပိုင်းအလုပ်ထိလာတွေ့တဲ့ ဥက္ကဠ ကြီးကြောင့် ဆော့ဂျင် ခေါင်းကိုက်ရသည်။ ဆော့ဂျင်လဲ အနည်းငယ်စဉ်းစားချင်သည်။ ကလေးတစ်ယောက်ကို ပြုစုဖို့ကမလွယ်ပေမဲ့ သူလုပ်နိုင်တယ်။ ဒါပေမဲ့ ဒီကလေးက ဂျွန်ဂျောင်ကုနဲ့ သက်ဆိုင်တယ်။

သူကိုယ်တိုင်ကလဲ မလွှဲသာလို့ တာဝန်ယူရတာမှန်ပေမဲ့ အဖေပီသမယ်လို့ထင်တာပဲ။ လေးလကျော်လောက်ရှိသော ဗိုက်ကလေးကိုပွတ်ရင်း ဆော့ဂျင် ခေါင်းညိမ့်ပြလိုက်သည်။

"ကိုယ် လက်ခံပါ့မယ် ဒါပေမဲ့ အမွေကိစ္စတွေဘာတွေ ဘာမှမပတ်သတ်ချင်ပါဘူး ကိုယ့်ကို ထည့်မတွက်လဲရတယ် ပြိးတော့ ဥက္ကဌ ရဲ့သား ,သူရော လက်ခံတာသေချာရဲ့လား"

မယုံသင်္ကာနဲ့ကောင်လေးကို ဥက္ကဌကြီး မှာ ခေါင်းသာငြိမ့်ပြလိုက်သည်။

"သူသဘောတူမှာပါ.. သူမင်းကိုလက်ထက်မှာ.. အဲ့ဆို ဦးလေးကိုခွင့်ပြုပါဦး"

အရိုအသေပေးထွက်သွားတဲ့ ဦးလေးကို ပြန်အရိုသေပေးလိုက်ပြီး ဆော့ဂျင်အလုပ်ပြန်ဝင်ရသည်။

🤎

"ဟက် လက်ခံလိုက်ပြီတဲ့လား?"

ဂျွန်မှာ သူ့အဖေအပြောကြောင့် ရီချလိုက်မိသည်။ မာနခဲလေးက လတွေအကြာကြီးထိ သူ့ကိုငြင်းတယ်လေ။ ခုမှဘာလို့?

"လက်ထက်မဲ့နေ့လဲရွေးပြီးပြီ သူ့ကိုခေါ်ပြီး ဝတ်စုံနဲ့လက်စွပ်သွားရွေးကျ"

အမိန့်ကြောင့် ဂျွန်စိတ်ပျက်လက်ပျက်နဲ့ ထိုလူ့အိမ်ကိုထွက်လာခဲ့သည်။ အဲ့လူငြင်းပြီးထဲက စိတ်မကြည်တော့တာမို့ ခရီးတွေထွက်နေခဲ့တာ။ အခုလက်ခံလိုက်မှ သူလည်း ဒီပြန်ရောက်တယ်။ ခြံထဲက လုံးလုံး လုံးလုံးနဲ့ လူသားက ဘေးက ယွန်းဂီပြောသမျှကို နှုတ်ခမ်းတွန့်ရုံသာပြုံးသည်။ ပြုံးရမှာတောင် ကပ်စည်းနဲ။

တီးး!! တီးး!!

ကားဟွန်းတီးလိုက်တော့ မျက်လုံးစွေကြည့်သည်။ ဒီလူလုပ်သမျှက ဖန်တီးယူထားတာမဟုတ်ပဲသူ့ဟာနဲ့သူလိုက်ဖက်နေပုံ။ မာနကြီးတာလဲ တစ်မျိုးကြည့်ကောင်းနေရော!!

• ᴘʀɪᴅᴇ • [✔︎]Where stories live. Discover now