"ချုပ်ထားစမ်း!!"
စွန့်ပစ်ဂိုထောင်တစ်ခုမှာ အကြမ်းဖက်နေတဲ့ လူတစ်စု။ ရုန်းကန်နေသူ နစ်နာသူမှာ မျက်ရည်တွေတွင်တွင်ကျနေပေမဲ့ အသိစိတ်မဲ့နေတဲ့ လူတစ်စုက အလျော့ပေးဖို့ အစီအစဉ်မရှိ။
"အု!!"
ပါးစပ်ထဲ ထိုးထည့်ခံရသော အဝတ်စတစ်ခု။ မှုန်ဝါးဝါး ဟယ်ယွန်းရဲ့မြင်ကွင်းမှာ ပြေးလာတဲ့ "Sam " ကိုတွေ့ရသည်။ အသံမထွက်နိုင်ပေမဲ့ Sam ရဲ့ မျက်လုံးတွေကိုကြည့်ပြီး နာကျင်မူတွေကို အံတုရသည်။
ဒုတ်!!!!
ခွပ်!
တုတ်တစ်ချောင်းနဲ့ ဘေးကကောင်တွေကို တန်းစီပြီး ရိုက်ချလိုက်သည်။ လှည့်ကြည့်လာတဲ့အကောင်တွေက ဆေးသုံးထားတာမို့ ယိုင်တိုင်တိုင်နဲ့ သူ့ဘက်ဦးတည်လာသည်။
ငါးယောက်တစ်ယောက်မို့ သေချာမယှဉ်နိုင်တဲ့အခါ ဆော့ဂျင်လဲ အထိနာရသည်။"အားးးး!!!"
သံချောင်းကို ဝေ့ယမ်းလိုက်တဲ့အခါ ဆော့ဂျင် ကျောပြင်ကို နင့်ခနဲ။ နှစ်ယောက်က သူ့ရဲ့ တုတ်ကြောင့် မထနိုင်တော့ပေမဲ့ ကျန်နှစ်ယောက်က သူ့ဆီပဲဦးတည်နေပြီး ကျန်တစ်ယောက်က ဟယ်ယွန်းဆီမှာ။
"ခွေးမသားတွေ!! ငါ့ညီမကို မထိနဲ့!!!"
ပြေးအော်လိုက်ကာ အသိစိတ်မရှိတဲ့အကောင်တွေကို အသားကုန်ထိုးကြိတ်သည်။ လူသူမရှိတဲ့ တံတားအောက်မှာ သွေးသံရဲရဲနဲ့။
ငါးယောက်လုံး မှောက်သွားသည့်အခါ ဆော့ဂျင် ဟယ်ယွန်းကို ပြေးပွေ့လိုက်သည်။ အောက်ပိုင်းမှာ သွေးတွေရွဲနေပြီး ရုပ်ဖမ်းလို့တောင်မရတော့တဲ့ သူ့ညီမလေး!!
"တောင်းပန်ပါတယ်!! Sam တောင်းပန်ပါတယ်!!"
သူသာ ဟယ်ယွန်းကို စိတ်ဆိုးပြီး မအော်လိုက်ရင်!! သူမဆူလိုက်ရင် ဟယ်ယွန်းက ဒီကိုရောက်လာမှာမဟုတ်သလို,ဒီအဖြစ်တွေနဲ့လဲကြုံမှာ မဟုတ်ဘူး။
သူဟယ်ယွန်းကို ဆေးရုံတင်ပြီး အဖမ်းခံခဲ့ရသည်။ ငါးယောက်မှာ နှစ်ယောက်က သေသွားခဲ့သည်။ အခင်းနေရာမှာ သွေးစစ်ချက်တွေမတူတာမို့ ဆော့ဂျင် ဟယ်ယွန်းကို ဖွက်ထားခဲ့ရသည်။
YOU ARE READING
• ᴘʀɪᴅᴇ • [✔︎]
Fanficအဲ့မာနတွေကို ရိုက်ချိုးပြစ်မယ်!! 𝖪𝗈𝗈𝗄𝗃𝗂𝗇 𝖻𝗎𝗋𝗆𝖾𝗌𝖾 ✰ 𝗆𝖺𝗅𝖾 - 𝗉𝗋𝖾𝗀𝗇𝖺𝗇𝗍