🔹5

1.8K 188 46
                                    

" ဟယ်ယွန်း နေကောင်းတယ်မလား"

ခေါင်းစပ်စပ်ညိမ့်ပြတဲ့ ကလေးမလေးကြောင့် ဆော့ဂျင် ဆံပင်လေးတွေဆွဲဖွလိုက်သည်။ စကားမပြောတတ်တဲ့ ကလေးမလေးက ဆော့ဂျင် စာအမြဲသင်ပေးနေတဲ့ ဂေဟာက ကလေးမလေး။

"ဟိုတစ်ပတ်က သင်ပေးခဲ့တာတွေ မှတ်မိတယ်ဟုတ်"

ဟီးခနဲရီပြလာတဲ့ သွားကျိုးမလေးကြောင့် ဆော့ဂျင် စာအုပ်တွေထုတ်ပြီး ပြန်ရှင်းပြရသည်။ ဟယ်ယွန်းက အသက် ဆယ်ကိုးလောက်ဖြစ်နေပြီ။ ဆီးအိတ်လေးချိတ်ထားရတဲ့ ကလေးမလေးက ဝဋ်ကြွေးကြီးလွန်းလှသည်။

သူသာမကာကွယ်ပေးခဲ့ရင် ဟယ်ယွန်းလေးဘယ်လောက်တောင်နာကျင်ရလိမ့်မယ်။ ဟယ်ယွန်းကိုငေးနေတုန်း လက်လေးတွေက သူ့ဗိုက်ကို လာကိုင်သည်။

*ကလေးလေး ရှိနေတာလာ? Sam *

စာအုပ်မှာ ရေးပြတာကြောင့် ဆော့ဂျင် ခေါင်းညိမ့်ပြလိုက်သည်။

"ဟယ်ယွန်းရဲ့ မောင်လေးပေါ့ "

ထိုကလေးမလေးက မျက်လုံးလေးတွေတောက်ပကုန်ပြီး ကလေးပုံလေးတွေထိုင်ဆွဲတော့သည်။

"ဟယ်ယွန်း ကလေးချစ်တယ် ဟယ်ယွန်းလဲ သားသားလေးမွေးပြီး Sam တို့နဲ့ အတူနေမယ်"

စာရွက်ပေါ်က လက်ရေးဝိုင်းလေးတွေနဲ့ မိသားစုပုံလေးကြောင့် ဆော့ဂျင် စိုက်ကြည့်ပြီး မျက်ရည်ဝိုင်းတက်လာသည်။

"အွန်း Sam တို့ အတူရှိသွားကြတာပေါ့"

ခဏအကြာ တစ်ခြားစာသင်ပေးရမဲ့ ကလေးတွေပါစုပြုံလာတာကြောင့် ဆော့ဂျင် ဝဲလက်စ မျက်ရည်တွေကို သိမ်းလိုက်သည်။ သူဟယ်ယွန်းကို ပြောမထွက်ဘူး။ ဟယ်ယွန်းက မိခင်တစ်ယောက် မဖြစ်နိုင်တော့ဘူးဆိုတာ။

🧃

"ပြန်ရောက်ပြီလား?"

ဟင်းချက်နေတဲ့ ဂျောင်ကုက မေးတော့ ဆော့ဂျင်အဖက်မလုပ်ပဲ အခန်းထဲသာဝင်သွားသည်။ ဂျောင်ကုလဲ ထပ်မေးမနေတော့ပဲ ဟင်းတွေသာ ပြီး‌အောင်ချက်ရင်း အဝတ်လှန်းဖို့ပြင်ရသည်။ မနက်စောစောလျှော်ထားတဲ့အဝတ်တွေက နေပူတော့ လှန်းရအဆင်ပြေသည်။

• ᴘʀɪᴅᴇ • [✔︎]Where stories live. Discover now