🔹4

1.7K 195 56
                                    

"ကျစ်"

ဂျောင်ကုမှာ နိုးလာတာနဲ့ တစ်ကိုယ်လုံးကိုက်ခဲနေသည်။ သူဆော့ဂျင်ကို အခန်းထဲမှာအိပ်စေပြီး သူကတော့ ဆိုဖာပေါ်အိပ်သည်လေ။ သူလဲခံစားရတာမှန်ပေမဲ့ ဆော့ဂျင်ကသူ့ထက်ပိုဆိုးမှာပေါ့။

သူလဲ မျက်နှာသစ်ရန်အခန်းထဲဝင်တော့ ဆော့ဂျင်က အိပ်ရာပေါ်တွင်မရှိ။ အဲ့အစား စားပွဲပေါ်တွင် ကွာရှင်းစာချုပ်နဲ့ သူတို့လက်စွပ်လေး တွေ့ရသည်။ လက်မှတ်ထိုးပြီးသားဖြစ်ပြီး သူဗီဒိုထဲကိုကြည့်တော့လဲ အဝတ်အစားတွေရှိမနေတော့။

"ဟူး!!"

သူလေပူတွေမှုတ်ထုတ်လိုက်ရင်း ဆော့ဂျင်ကို ရှာဖို့ပြင်ရသည်။ သူကွာမပေးနိုင်ဘူး!! အခုအခြေနေရောက်တော့မှ ကွာပေးရင် သူက အသုံးမကျတဲ့လူ လုံးလုံးကိုဖြစ်တော့မှာ။ အစထဲက မိဘတွေက သူ့ကို အမြင်မကြည်တဲ့အထဲ ဒီလူကြောင့် သူကပိုဆိုးရသည်။
အရင်ဆုံးယွန်းဂီအိမ်ကိုသွားကာ အဲ့လူရှိမရှိစုံစမ်းရသည်။

"သူမရှိဘူး "

"သေချာလို့လားဗျာ"

"မကျေနပ်ရင် ကိုယ်တိုင်ဝင်ရှာလို့ရတယ်"

ယွန်းဂီက လမ်းဖယ်ပေးတော့ အိမ်ကြီးထဲဝင်ကာရှာသည်။ ဘယ်နေရာမှာမှ မတွေ့ပေမဲ့ သူယွန်းဂီကို မသင်္ကာပါ။

"သူ့ကို ဖွက်ထားတာမလား "

"ဟူး တကယ်လက်ပေါက်ကပ်တာပဲ မရှိပါဘူးဆိုနေ"

ဂျောင်ကု တကယ် သိသွားပြီ။ အမှန်ဆို ကင်မ်ဆော့ဂျင်သာပျောက်နေတယ်ဆိုထဲက ယွန်းဂီက အငြိမ်နေမှာမဟုတ်။ အခုယွန်းဂီက လုံးဝအေးဆေးနေပြီး သူ့ကိုလဲ အမြင်ကြည်ပုံမရ။

"ကိုယ့်ဘာသာစုံစမ်းလို့ရရင် မင်းမလွယ်ဘူးနော် ယွန်းဂီ"

"ခင်ဗျား သူ့ကို ဘာဒုက္ခထပ်ပေးမှာလဲ!!"

ယွန်းဂီအော်ထုတ်ပြစ်လိုက်သည်။ အစအဆုံးသူ့အမှားပဲမို့ ယွန်းဂီ အကိုဆော့ဂျင်ကိုတောင်မျက်နှာမပြဝံ့ပါ။ အမြဲစိတ်ဆင်းရဲနေရမဲ့လမ်းကို သူကိုယ်တိုင်ပို့ခဲ့မိသလိုပဲ။

"မင်းသိနေတာပဲ!! ငါသူ့ကို ဒုက္ခထပ်မပေးတော့ပါဘူး ငါကတိပေးတယ် !!"

• ᴘʀɪᴅᴇ • [✔︎]Where stories live. Discover now