🔹2

1.6K 198 27
                                    

"ခွပ်!!"

လည်ထွက်သွားတဲ့ပါးပြင်နဲ့အတူ တောက်ခေါက်သံအကျယ်ကြီးပါ ကြားလိုက်ရသည်။ တစ်အိမ်လုံးတိတ်ဆိတ်ကုန်ပြီး အိမ်တော်ကြီး သခင်ရဲ့ ဒေါသကို မလွန်ဆန်ရဲကျ။

"ငါမွေးထားတာ လူကောင်းသူကောင်းလေး သူများ သားသမီးကို ယုတ်မာတဲ့အကောင်က ငါ့သားမဟုတ်ဘူး!!"

ကြမ်းပြင်မှာ ပျံ့ကျဲနေတဲ့ပုံတွေမှာ သူနဲ့ အစေခံကောင်ဟာ ဝတ်လစ်စားလစ်။ သေချာအကွက်ချစီစဉ်ထားသလို ဓာတ်ပုံတွေဟာဘယ်လိုမှမငြင်းနိုင်။ ဂျောင်ကု စိတ်တိုလွန်း၍ ပင့်သပ်ရှိုက်မိသွားသည်။

"အဲ့ကောင်လေးကို လက်ထက်ရင် လက်ထက် ဒါမှမဟုတ် မင်းပြန်တောင်းပန်ရမယ်"

တစ်ချက်လွှတ်အမိန့်မှာ ဂျောင်ကု ခြေမခိုင်တော့။ အဖေဟာ စီးပွားရေး လုပ်ငန်းရှင်တစ်ဖြစ် အိမ်တော်သခင်နေရာတွေ ဩဇာသိပ်ကြီးသည်။ သူ့မှာ ဘာမှပြန်ပြောနိုင်စွမ်းမရှိလောက်အောင် သက်သေခိုင်မာနေသည်။

"ကိုယ့်အလုပ်ကိုလုပ်ကြတော့"

အဖေအပေါ်တက်သွားမှ ဘေးကလူတွေကို အော်ထုတ်သည်။ တစ်သက်နဲ့တစ်ကိုယ် အဆူခံရတဲ့အထဲ လက်မပါတတ်ပေမဲ့ ဒီနေ့အထိုးခံလိုက်ရသည်။ မေမေသာသိရင် ပြသနာတက်မဲ့ကိန်းမို့ အနာမြန်မြန်ပျောက်အောင်လုပ်ရမယ်။

"ငါ့ကို ကင်မ်ဆော့ဂျင်ဆိုတဲ့ အစေခံအကြောင်း စုံစမ်းပေး!!"

ဂျောင်ကုသည်းခံနိုင်စွမ်းကုန်သွားပြီ။ ဒီကိစ္စကိုသိသူမှာ သူရယ်ကိုယ်ရယ်နှစ်ယောက်ထဲ။ ပွဲမှာရှိတဲ့လူတွေအထဲ သူတို့အကြောင်းသူသိမရှိဘူးဆိုတာ အတည်ပြုပြီးသား။ သူ့ရဲ့အာရုံစိုက်မူကို လိုချင်နေတဲ့ ကင်မ်ဆော့ဂျင်ကို အာရုံစိုက်ပေးရမယ်။ အသက်သာ ဝ,အောင်ရှုထားတော့!!

"ဝေါ့!!"

လေတွေပဲထိုးအန်နေတာမို့ ဆော့ဂျင်ခံရခက်သည်။ မအီမသာနဲ့ စာလဲမလုပ်နိုင်ပဲ အလိုလို ဒေါသထွက်နေသည်။ ကျောင်းပိတ်ရက်မို့ ဆော့ဂျင် အိမ်မှာ သောင်တင်နေသည်။ ညနေဆို အချိန်ပိုင်းအလုပ်ရှိပေမဲ့ သူသွားချင်စိတ်မရှိ။

• ᴘʀɪᴅᴇ • [✔︎]Where stories live. Discover now