Part (9) Unicode +Zawgyi

2.1K 77 10
                                    

📖Unicode📖

လောကကြီးမှာ တစ်ခါတစ်လေကျရင်
လူတစ်ယောက်က တယုတယပြုစုပျိုးထောင်ခဲ့တဲ့ ပန်းပင်လေးရဲ့ အပွင့် သို့မဟုတ် အသီး တို့ကို ပိုင်ရှင်အား မုန်းတီးတဲ့စိတ်နဲ့ ပျက်စီးတတ်ကြသည့် အဖြစ်အပျက်မျိုးတွေရှိတတ်ကြသည်။ထိုနည်းလည်းကောင်း
သက်လျာ ကိုယ်တိုင် ပြုစုပျိုးထောင်လာခဲ့တဲ့ မာန၊သိက္ခာနှင့် သက်လျာ၏ ဘုရားကပေးသော အပြုံး၊ချိုသာပီး တည်ငြိမ်အေးချမ်းသည့် အသံ၊လူကိုမြင် ချစ်ခင်ပါစေ ဟုသော အသီး၊အပွင့်တွေကို ပိုင်ရှင်ဖြစ်သည့် သက်လျာကို မုန်းတီးနေသော ဖျက်စီးသူ နေဝန်းနီက ရသမျှ အချိန်တွေကို အစွမ်းကုန်အသုံးချကာ ဖျက်စီးနေသည်။

တနင်္လာနေ့

ထိုနေ့သည် သက်လျာ စိန် ဆိုင်ထိုင်ရမည့် နေ့ဖြစ်သည်။ထိုအလုပ်နှင့် ပတ်သက်ပီး ရင်းနှီးကျွမ်းဝင်ခြင်းမရှိသည့် သက်လျာအတွက် အလွန်ပင် စိတ်လှုပ်ရှားနေသည်။
ထိုနေ့မနက်​ စောစောထကာ နေဝန်းနီအတွက် မနက်စာပြင်ဆင်ပေးကာ တစ်ကိုယ်ရည်သန့်ရှင်းရေးကို လုပ်သည်။သို့ပေမယ့်လည်း နေဝန်းနီ၏ ရုတ်တရက် ခေါ်သံကြောင့် ဖရိုမရဲပုံစံဖြင့် အခန်းထဲမှ ပြေးထွက်လာသည်။

"ဘာလိုလို့လဲ ကိုနေဝန်းနီ"

"ဘာမှမလိုဘူး မနက်ထဲက မင်းကို မတွေ့လို့"

သက်လျာ စကားတစ်ခွန်းမှပြန်မပြောဘဲ မျက်စောင်းထိုးလိုက်သည်။

"သြော် ဒါနဲ့ မင်း
ဒီနေ့ ဆိုင်ထိုင်ရမှာနော်"

"သိတယ်လေ..."

"သိတယ်လေဆိုတော့ ဆိုင် ရှိတဲ့နေရာကိုရော မင်း သိလို့လား"

နေဝန်းနီ၏ အမေးစကားကြောင့် အပြင်ထွက်ရမည်ကို တက်ကြွနေသည့် သက်လျာအတွက် အဟန့်အတားဖြစ်သွားသည်။သက်လျာတစ်ယောက် ဦးမြတ်ဇေယျာတို့မှာ စိန် ဆိုင်လုပ်ငန်းရှိသည်ကိုလည်း ရှေနေ့ကြီး ပြောမှ သိရသည်။ဘယ်နေရာမှာ ဆိုင်ရှိသည်ကိုလည်း သက်လျာမသိပေ။

သက်လျာ ဖြူဖွေးနေသည့် သွားအားလုံးပေါ်အောင် ပြုံးလိုက်ကာ

"ဟင့်အင် သက်လျာမသိဘူး"

"မသိဘဲနဲ့ ဘယ်လိုသွားမှာလည်း"

Dancer of Saturn Where stories live. Discover now