Part (21) Unicode+ Zawgyi

786 56 4
                                    

📖 Unicode Version 📖

"ဟဲ့ ပြောလေ
နင်တို့ နှစ်ယောက်က ဘာတွေလည်းလို့"

   ဇွဲတစ်ယောက် စာရွက် ခေါက်လေးများကို ကိုင်ကာ မတ်တပ်ရပ်လိုက်သည်။
   ခေါင်းကိုငုံ့လျက်ဖြင့် သူ၏ အမေရဲ့ အမေးကို ဖြေလိုက်သည်။

"သားတို့ နှစ်ယောက်က ချစ်သူတွေပါ အမေ"

ဒေါ်မြင့် တစ်ယောက် ဒေါသများ အတားအစီးမယ့် ထွက်လာသည်။

"နင်တို့ နှစ်ယောက်က ယောက်ျားတွေ‌လေ ချစ်လို့ရမလား"

ဒီစကားကို ဇွဲ မကြိုက်ဆုံးဖြစ်၏။
သူ၏ အမေရဲ့ စကားကို တုံ့ပြန်ဖို့အတွက် ခေါင်းကိုမော့လိုက်သည်။

"ချစ်လို့ရတာပေါ့ အမေရယ်
လူလူချင်း ချစ်တာဘဲ"

"မရဘူး ချစ်လို့ကို မရဘူး"

"ရတယ် အမေ
လူသား တစ်ယောက်က အခြားလူသားတစ်ယောက်ကို ချစ်တာ အပစ်လား အမေ။"

"အပစ်မဟုတ်ပါဘူး။
ဒါပေမယ့် နင်တို့နှစ်ယောက်က သဘာဝကို လွန်ဆန်ပီး ချစ်နေကြတာလေ"

"သဘာဝဆိုတာက ဘာလည်း အမေ
အိပ်ယာထဲက ဖို၊မ ကိစ္စကိုမှ သဘာဝလို့ ဆိုချင်တာလား အမေ"

"ဟုတ်တယ်ဟေ့
ငါရဲ့ မျိုးဆက်ကိုတော့ အတုံးမခံနိုင်ဘူး။
အဲဒီအတွက် နင် မိန်းမယူကိုယူရမယ်"

      ပြောချင်ရာပြောပီး မီးဖိုချောင်ထဲဝင်သွားသည်။
      ဇွဲတစ်ယောက် သူ့အမေကို ရင်ဆိုင်ဖို့ အရင်ထဲက သတ္တိမွေးထားသူမို့ ရှေ့ဆက်ပီး စကားတွေကို တုံ့ပြန်ဖို့ အားအင်ရှိနေပြီဖြစ်၍ ‌သူ၏ အမေနောက်သို့ လိုက်သွားသည်။

"မိန်းမလို့ သတ်မှတ်ထားတဲ့ အဲဒီလူတွေကို သားမှ မနှစ်သက်၊စိတ်မဝင်စားတာ သားမယူနိုင်ဘူး အမေ။"

"ဘာ ပြန်ပြောစမ်း ‌ဇွဲဇေဇေအောင်
နင်က ငါ့စကားတွေကိုတောင် ခွန်းတုံ့ပြန်ပီး ပြောရဲ ဆိုရဲနေတယ်ပေါ့လေ။"

"အမေ
သားအသက် ငယ်သေးဝောာ့တာမဟုတ်ဘူး။
အမှားကို အမှန်ပြင်တတ်တဲ့ လူကြီးတစ်‌ယောက်ဖြစ်နေပီ။"

"အမှားကို ပြင်တတ်တယ်ဆိုရင်လည်း
အခု နင်ရဲ့အမှားကို နင်ပြင်လေ"

Dancer of Saturn Where stories live. Discover now