Part (14) Unicode + Zawgyi

1.1K 82 12
                                    

📖Unicode Version📖

ကောင်းကင်တခွင်မှာ ရှင်ဘုရင်ဖြစ်သည့် လမင်းကြီးကလည်း အစွမ်းကုန် ထွန်းလင်းနေသည်။လရောင်များမှာလည်း ကမ္ဘာမြေတခွင်သို့ ပြန့်ကျဲကျနေသည်။ကိုယ်လုပ်တော် ကြယ်ကလေးများမှာလည်း လမင်းကြီးအနားမှာ တဖဝါးမှ မခွာဘဲ ခစားနေလေရဲ့။

ကမ္ဘာမြေပြင်၏ တစ်နေရာ၌ သက်လျာတစ်ယောက် ပြတင်းပေါက်မှတဆင့် သူ၏ အခန်းတွင်းသို့ ဝင်ရောက်လာသည့် လရောင်၏အောက်မှာ ငြိမ်သက်စွာဖြင့် ကောင်းကင်ကို မော်ကြည်နေသည်။အတွေးထဲမှာလည်း နေဝန်းနီအပေါ် သူ့၏ မှားယွင်းစွာ ထင်မြင်ခဲ့တဲ့ အမြင်အတွက် နောင်တတွေရနေသည်။

"သက်လျာ
လူတိုင်းအပေါ် အပြင်ပိုင်း နေထိုင်မှုပုံစံကို ကြည့်ပြီး တထစ်ချယုံကြည်တတ်တဲ့ မင်းရဲ့ အကျင့်ကို ဒီအချိန်ကစ ပြင်ဖို့တော့ လိုနေပီနော်...
ပြီးတော့ မင်းမှာ နေဝန်းနီအရိပ်အောက်ကနေ လွှတ်မြောက်ဖို့ အခွင့်အရေး ရှိနေပီဘဲ
ဘာလို့ လွှတ်မြောက်အောင် မကြိုးစားသေးတာလည်း..."

ကောင်းကင်၏ မျက်နှာပြင်တွင် ရုတ်တရက်ပေါ်နေသည့် လူတစ်ယောက်မှ သက်လျာအား သတိပေးစကားများပြောနေသည်။ထိုလူသည်လည်း သက်လျာပင်ဖြစ်သည်။

"ဟုတ်သားဘဲ ငါ့မှာ သူရဲ့အရိပ်အောက်က လွှတ်မြောက်ဖို့ နည်းလမ်းရှိတာဘဲ"

ဟု တစ်စုံတစ်ခုကို သတိရသွားကာ ထိုင်နေရာမှထ၍ ရှာလိုက်သည်။လွယ်နေကျ ဘေးလွယ်အိပ်ကို ချက်ချင်း သတိမရနိုင်ဘဲ အခန်းထဲရှိ ​နေရာအနှံ့ကို ပြာပြာသလဲ ရှာနေသည်။မတွေ့သည့်အဆုံး အိပ်ယာပေါ် ပစ်လှဲကာ မျက်လွှာလေးအား အသာအယာနှင့်ဖြည်းညင်းစွာ ချလိုက်သည်။မျက်လုံးထဲ တစ်နေ့ကုန်ဖြစ်ပျက်သမျှကို ပြန်မြင်ယောင်ကြည့်ကာ ဘေးလွယ်အိတ်ကိုသတိရလာသည်။ချက်ချင်းဆိုသလိုပင် ဘေးလွယ်အိတ်ကိုဖွင့်ကာ နေဝန်းနီ၏ ဖုန်းအား ထုတ်ယူလိုက်သည်။

"တွေ့ပီ
သူက ငါ့ရဲ့ လွတ်​မြောက်ချင်း လမ်းစလေးဘဲ"

ဖုန်းလေးအား လက်နှစ်ဖက်ဖြင့် စုပ်ကိုင်ကာ အခန်း၏ တောင်ဘက်နှင့်မြောက်ဘက်ကို ခေါက်တုံ့ခေါက်ပြန်လျှောက်၍  အဲဒီလမ်းစလေးဆီရောက်ဖို့ နည်းလမ်းကို စဥ်းစားနေသည်။

Dancer of Saturn Where stories live. Discover now