Part (22) Unicode+Zawgyi

759 45 3
                                    

📖 Unicode Version 📖

       ကမ္ဘာ့မြေပေါ်သို့ တစ်ညလုံး အလင်းရောင်ပေးနေသည့် လမင်းကြီးလည်း တဖြည်းတဖြည်းအလင်းရောင်လျော့လာသည်။အလင်းရောင်တွေ လျော့လာသည်နှင့် ပတ်ဝန်းကျင်တစ်ခွင်လုံးလည်း နေမင်း၏ အလင်းရောင်ကြောင့် လင်း၍လာပြန်သည်။
       အခန်းပြတင်းပေါက်မှတဆင့် ညသန်းခေါင်မှ မနက်အာရုံ၊မနက်အာရုံမှ နေထွက်ချိန်အထိ အဆင့်ဆင့်ပြောင်းလဲပုံကို  တချက်လေးမှ ငိုက်မျည်းခြင်းမရှိဘဲ ကြည့်နေသည့် နေဝန်းနီတစ်ယောက် ရုတ်တရက် အကြားအာရုံမှတဆင့် အတွေးအာရုံထဲ ဝင်‌‌လာသည့် ငှက်ကလေးများ၏ မနက်ခင်းတေးသံသာကြောင့် အတွေးများကိုရပ်တန့်သွား‌စေသည်။
       ထိုစဉ် ကုတင်ဘေးက ခုံပေါ်တွင်တင်ထားသည့် ဖုန်းကိုဖွင့်ကြည့်လိုက်သည်။မနက် ၇ နာရီတောင်ရှိပြီဖြစ်သည်။
       ဖုန်းထဲမှ နာရီကို ကြည့်ရင်း မျက်တောင်များ မှေးစင်းလာခါ အိပ်ပျော်သွားသည်။

📖

      ‌အောက်ထပ်ရှိ ထမင်းစားခန်းတွင်  ရှမ်းခေါက်ဆွဲကို အကျအန ပြင်ဆင်နေသူမှာ သက်လျာပင်ဖြစ်သည်။
      စားပွဲပေါ်တွင် ရှမ်းခေါက်ဆွဲပြင်ပေးပီး၍ လက်ဆေးကာ အပေါ်ထပ် သူ၏ အခန်းသို့ ပြန်တက်သွားသည်။
      ထို့နောက် အောက်ထပ်သို့ ကပျာကသီ ပြန်ဆင်းလာကာ ဒေါ်မြင့်နှင့်အေးကြည်မကို နှုတ်ဆက်ကာ စိန်ဆိုင်သို့ ထွက်လာခဲ့သည်။
      ဆိုင်သို့ သွားသည် ကားလမ်းတလျှောက်လည်း နေဝန်းနီနှင့်ဇေဇေအောင် အကြောင်းကို စဉ်းစားလာခဲ့သည်။
      ဘာလို့များ ဒိုင်ယာရီ စာအုပ်ထဲမှာ ကိုဇေ ရဲ့အကြောင်းလေးများ တစွန်းတစတောင် မတွေ့ရတာလည်း....။

📖
      ဆိုင်ထဲသို့ ဝင်လာသည်နှင့် ဧည့်ကြိုဝန်ထမ်းလေးများ၏ ပျူငှာစွာ ပြောဆိုဆက်ဆံမှုကြောင့် နေ့တစ်နေ့ရဲ့ အပြုံးပန်းလေးတစ်ခု စတင်ပွင့်လန်းလာ‌တော့သည်။
      ရုံးခန်းထဲရောက်၍ ထိုင်ခုံပေါ် အကျအနထိုင်ပီးပြီးခြင်း ပထမဦးဆုံးရောက်လာသူမှာ ဇေကိုကိုမောင်ပင် ဖြစ်သည်။

"Morning သက်လျာ"

"Morning အကို"

"ဒါနဲ့ အခုလရဲ့ ဆိုင်အခြေအနေလေးပြောပါအုံး အကို"

Dancer of Saturn Where stories live. Discover now