Chapter 0

1.6K 67 0
                                    

Unicode

"Hyung"

"ဟင်"

"ကျွန်တော့်မှာ ကျွန်တော်ပဲသိတဲ့ ကျွန်တော်ကိုယ်တိုင်ချမှတ်ထားတဲ့ ကိုယ်ပိုင်ဥပဒေတစ်ခုရှိတယ်"

"ဟုတ်လား ပြောပါဦး … ဘာများလဲ"

သူပြန်မေးတော့ Matthewက သွားတန်းညီညီလေးတွေပေါ်အောင်အထိသဘောတကျရယ်ရင်း …

"ကျွန်တော်ပဲသိပါတယ်ဆို Hyungကလည်း"

"ဒါဆိုဘာလို့အစဖော်လဲMatthewရဲ့ … အခုတော့ကိုယ်သိချင်သွားပြီ"

"အွန်း … ဘာလို့လဲဆိုရင် … အကယ်၍များပေါ့ … အကယ်၍များကျွန်တော်တို့များလမ်းခွဲခဲ့ကြသည်ရှိသော် … Hyungကို ကျွန်တော့်ဘက်ကစပြီးပြတ်စဲဖို့ပြောခဲ့သည်ရှိသော် အဲ့ဒါHyungက ကျွန်တော့်ရဲ့ဥပဒေကိုချိုးဖောက်ခဲ့လို့ပဲဆိုတာကြိုသိထားဖို့ပြောပြတာ"

သူမျက်နှာတည်သွားတော့ Matthewက သဘောတကျနဲ့တခစ်ခစ်ရယ်ပြီး သူကိုင်ထားတဲ့ကွတ်ကီးကိုတစ်ကိုက်ကိုက်လိုက်တယ်။

"Seriousမဖြစ်ပါနဲ့Hyungရ … အကယ်၍များလို့ကျွန်တော်ပြောသားပဲ"

နဂိုကတည်းက ကိုရီးယားစကားမပီတဲ့ကောင်လေးရဲ့ ကွတ်ကီးဝါးရင်းပြောတဲ့ဗလုံးဗထွေးစကားသံက သူ့ရဲ့အသည်းယားစွာဖျစ်ညှစ်လိုစိတ်ကိုပိုပြီးတွန်းအားပေးလိုက်တာနဲ့တူပါတယ်။

ကွတ်ကီးအမှုန်လေးတွေအနည်းငယ်ပေကျံနေတဲ့ နှုတ်ခမ်းရဲရဲကို ဖျတ်ခနဲနမ်းမိတော့ ကြားနေကြခပ်စွာစွာအော်သံလေးထွက်ကျလာတယ်။

"အာ … Hyung!"

အဲ့ဒီတုန်းက ကလေးပီပီ ရောက်တတ်ရာရာစနောက်နေတယ်လို့ထင်ခဲ့တဲ့အတွေးတွေကို နောက်နှစ်လအကြာ ညသန်းခေါင်မှာရောက်လာခဲ့တဲ့ 'ကျွန်တော်တို့ပြတ်ရအောင်'ဆိုတဲ့စာတိုလေးတစ်ကြောင်းက လှောင်ရယ်နေခဲ့တယ်။

ဟုတ်တယ်။
Matthewက သူ့ကိုတကယ်ပဲလမ်းခွဲသွားခဲ့ပါတယ်။

-
-
-

Zawgyi

"Hyung"

"ဟင္"

"ကြၽန္ေတာ့္မွာ ကြၽန္ေတာ္ပဲသိတဲ့ ကြၽန္ေတာ္ကိုယ္တိုင္ခ်မွတ္ထားတဲ့ ကိုယ္ပိုင္ဥပေဒတစ္ခုရွိတယ္"

"ဟုတ္လား ေျပာပါဦး  ဘာမ်ားလဲ"

သူျပန္ေမးေတာ့ Matthewက သြားတန္းညီညီေလးေတြေပၚေအာင္အထိသေဘာတက်ရယ္ရင္း

"ကြၽန္ေတာ္ပဲသိပါတယ္ဆို Hyungကလည္း"

"ဒါဆိုဘာလို႔အစေဖာ္လဲMatthewရဲ႕  အခုေတာ့ကိုယ္သိခ်င္သြားၿပီ"

"အြန္း  ဘာလို႔လဲဆိုရင္  အကယ္၍မ်ားေပါ့  အကယ္၍မ်ားကြၽန္ေတာ္တို႔မ်ားလမ္းခြဲခဲ့ၾကသည္ရွိေသာ္  Hyungကို ကြၽန္ေတာ့္ဘက္ကစၿပီးျပတ္စဲဖို႔ေျပာခဲ့သည္ရွိေသာ္ အဲ့ဒါHyungက ကြၽန္ေတာ့္ရဲ႕ဥပေဒကိုခ်ိဳးေဖာက္ခဲ့လို႔ပဲဆိုတာႀကိဳသိထားဖို႔ေျပာျပတာ"

သူမ်က္ႏွာတည္သြားေတာ့ Matthewက သေဘာတက်နဲ႕တခစ္ခစ္ရယ္ၿပီး သူကိုင္ထားတဲ့ကြတ္ကီးကိုတစ္ကိုက္ကိုက္လိုက္တယ္။

"Seriousမျဖစ္ပါနဲ႕Hyungရ  အကယ္၍မ်ားလို႔ကြၽန္ေတာ္ေျပာသားပဲ"

နဂိုကတည္းက ကိုရီးယားစကားမပီတဲ့ေကာင္ေလးရဲ႕ ကြတ္ကီးဝါးရင္းေျပာတဲ့ဗလုံးဗေထြးစကားသံက သူ႕ရဲ႕အသည္းယားစြာဖ်စ္ညွစ္လိုစိတ္ကိုပိုၿပီးတြန္းအားေပးလိုက္တာနဲ႕တူပါတယ္။

ကြတ္ကီးအမႈန္ေလးေတြအနည္းငယ္ေပက်ံေနတဲ့ ႏႈတ္ခမ္းရဲရဲကို ဖ်တ္ခနဲနမ္းမိေတာ့ ၾကားေနၾကခပ္စြာစြာေအာ္သံေလးထြက္က်လာတယ္။

"အာ  Hyung!"

အဲ့ဒီတုန္းက ကေလးပီပီ ေရာက္တတ္ရာရာစေနာက္ေနတယ္လို႔ထင္ခဲ့တဲ့အေတြးေတြကို ေနာက္ႏွစ္လအၾကာ ညသန္းေခါင္မွာေရာက္လာခဲ့တဲ့ 'ကြၽန္ေတာ္တို႔ျပတ္ရေအာင္'ဆိုတဲ့စာတိုေလးတစ္ေၾကာင္းက ေလွာင္ရယ္ေနခဲ့တယ္။

ဟုတ္တယ္။
Matthewက သူ႕ကိုတကယ္ပဲလမ္းခြဲသြားခဲ့ပါတယ္။

-
-
-

His LAW (COMPLETED)Where stories live. Discover now