Chapter 5

569 73 0
                                    

Unicode

အဲ့နောက်ပိုင်း သူ Matthewနဲ့မျက်နှာချင်းမဆိုင်မိတော့ဘူး။ လူတစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံမှုတွေမှာ ကံကြမ္မာကြောင့်ဟုတ်ရင်ဟုတ် မဟုတ်ရင် တစ်ယောက်ယောက်ဘက်ကစတင်ဖန်တီးခဲ့တာကြောင့်တဲ့။ ပထမဆုံးတွေ့ဆုံမှုကလွဲရင် Matthewဘက်ကစတင်ချဉ်းကပ်ခဲ့တာချည်းပဲမို့ အခုလိုမတွေ့ဆုံရတော့ခြင်းဟာ Matthewဘက်ကလက်လျှော့လိုက်လို့ပဲလို့ သူတွေးမိတယ်။

ကနေဒါသားလေးတစ်ယောက်ကတော့ Jiwoongကို ချောက်နက်ထဲဆွဲခေါ်ပြီးမှ ဘွာတေးလုပ်ဖို့ကြိုးစားနေပြီထင်ပါတယ်။

တကယ်ပဲ ဒီကောင်လေးက သူနဲ့ရင်းနှီးဖို့မကြိုးစားတော့တာလား။ ဒါမှမဟုတ် တစ်ပတ်တစ်ယောက်ပြောင်းတွဲနေတဲ့ ကောင်မလေးတွေကိုအချိန်ပေးနေရလို့များလား။

"Hyung ... Jiwoong Hyung!!"

ကိုယ့်အတွေးထဲကိုယ်ခေါင်းစိုက်ပြီး လေးဖင့်ဖင့်လမ်းလျှောက်လာတဲ့Jiwoongဆီကို Taeraeက သူ့ရဲ့သြဇာရှိတဲ့အသံနဲ့ကျယ်လောင်စွာခေါ်ပြီး အမောတကောပြေးလာတယ်။

"ဘာဖြစ်လာတာလဲ Taerae"

"Matthew လေ ... ကနေဒါကပြောင်းလာတဲ့Matthew"

Matthewဆိုတဲ့အသံကြားတာနဲ့ နှလုံးသားကတဒိန်းဒိန်းဆောင့်ခုန်ပါတယ်။ ပြီးတော့ အလောတကြီးဖြစ်နေဟန်ရတဲ့Taeraeကြောင့်စိတ်လည်းပူရတယ်။

"သိတာမို့လို့ ဘာဖြစ်တာလဲအရင်ပြောပါဦး"

"အော်ပရာအတွက်လေ့ကျင့်ရင်း stageပေါ်ကပြုတ်ကျလို့ ... ခြေကျင်းဝတ်တစ်ခုခုဖြစ်သွားတယ်ထင်တယ် ... အဲ့ဒါ "

"အဲ့ဒါကျောင်းဆေးခန်းကိုခေါ်သွားရမှာလေ ... သွား ... မြန်မြန်"

"မဟုတ်ဘူးHyungရ ... ဆေးခန်းကဆရာဝန်ရော နာ့စ်ရောက အားကစားကွင်းထဲမှာလုပ်နေတဲ့ပြိုင်ပွဲဆီရောက်နေတာလေ"

အချိန်က ဒီစာသင်နှစ်ရဲ့တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲကို သူတို့ကျောင်းကအိမ်ကွင်းအဖြစ်လက်ခံကျင်းပနေတဲ့အချိန်။

"အဲ့ဒါHyungရဲ့ကားနဲ့ဆေးရုံလိုက်ပို့ပေးပါလားလို့ ... ကျွန်တော်တို့အသင်းဝင်အားလုံးကလည်း ဘတ်စ်နဲ့ပဲကျောင်းလာကြတဲ့လူတွေချည်းဆိုတော့"

His LAW (COMPLETED)Where stories live. Discover now