Unicode
'I might kill my ex
Not the best idea
His new girlfriend's next
How'd I get here?'Marketထဲက ခပ်တိုးတိုးဖွင့်ထားတဲ့သီချင်းသံကြောင့် သူ့ရှေ့တည့်တည့်စင်ပေါ်မှာရှိတဲ့ မီးဖိုချောင်သုံးဓားတွေထဲကတစ်လက်ကိုကောက်ကိုင်မိလိုက်တယ်။ အသစ်မို့လို့ တလက်လက်ဖြစ်နေတဲ့ဓားသွားဟာ မှန်လိုမျိုးကိုယ့်ကိုကိုယ်ကြည့်လို့ရတဲ့အထိဝင်းပြောင်နေတယ်။ ဒါ့အပြင် သူ့နောက်ကျောဘက်ဆီက ရင်းနှီးခဲ့ဖူးတဲ့ကျောပြင်လေးတစ်ခုကိုပါ မြင်ရတဲ့အထိပေါ့။
"Matthew"
တစ်ကိုယ်တည်းကြားရုံမျှခေါ်သံနဲ့အနောက်ကိုလှည့်ကြည့်မိတော့ တကယ်ပဲMatthewဖြစ်နေပါတယ်။ ဘေးတိုက်မြင်နေရတဲ့မျက်နှာလေးက ထုံးစံအတိုင်းအရယ်အပြုံးဖောဖောသီသီနဲ့ ရွှင်ရွှင်ပျပျ။
"ခုတလောအရမ်းပြုံးလာတယ်နော်Hyung … ဘာလို့လဲ"
"အရင်ကမပြုံးလို့လား"
"မပြုံးဘူးလေ … Hyung ကိုယ့်ကိုကိုယ်မသိဘူးလား"
သူသိပါတယ်။ Matthewလိုလူချစ်လူခင်ပေါပြီး အရယ်အပြုံးလည်းများတဲ့ကောင်လေးနဲ့ယှဥ်ရင်တော့ သူကအများကြီးပိုပြီးအနေတည်တယ်။ တစ်နည်းပြောရရင် ကိုယ့်ကိုသက်တောင့်သက်သာရှိစေတဲ့လူတွေနဲ့မှ စိတ်လိုလက်ရရယ်ပြုံးချင်တဲ့styleမျိုးဖြစ်တယ်။
"အင်း … ဘာလို့လဲဆိုရင် Matthewကပျော်အောင်ထားလို့နေမှာပေါ့"
"အဟား … ဟုတ်သားပဲနော် … ကျွန်တော့်ကြောင့် Hyungရဲ့အပြုံးတွေပိုလှလာတာဖြစ်မယ်"
တစ်ချိန်က Jiwoongရဲ့အပြုံးတွေပိုလှလာတာ သူ့ကြောင့်လို့ဆိုတဲ့Matthewက အခုလည်းသူ့ရဲ့နောက်ကောင်မလေးအသစ်ကိုပျော်အောင်ထားတယ်နဲ့တူပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်ပျော်ရွှင်နေတဲ့ကောင်မလေးရဲ့ပုံစံက တစ်ချိန်ကJiwoongနဲ့ချွတ်စွပ်တူနေခဲ့တာကြောင့်။
"Jiwoong Hyung"
အဝေးကMatthewကိုတိတ်တိတ်လေးခိုးကြည့်နေရတဲ့ Jiwoongရဲ့သီးသန့်ကမ္ဘာလေးကို ကျယ်လောင်တဲ့ခေါ်သံတစ်ခုကဖျက်စီးပစ်လိုက်တယ်။
"အော … Taerae"
"မဟုတ်တောင် ကျွန်တော် Hyungဆီဖုန်းဆက်တော့မလို့ … ဒီမှာတွေ့တာနဲ့အတော်ပဲ"