Chapter 7

549 69 5
                                    

Unicode

Matthewက သူ့ကိုဆိုအမြဲစိတ်မချဖြစ်တတ်တယ်။ စကားနည်းသူမို့လူတောမတိုးမှာတို့ ကျောင်းသားရေးရာကလွဲရင် အခြားသူငယ်ချင်းမရှိမှာတို့ စသဖြင့်ပေါ့။ ဒါကြောင့် သူနဲ့တရားဝင်တွဲပြီးနောက်ပိုင်း လူများတဲ့နေရာတွေကိုမကြာခဏခေါ်သွားတတ်တယ်။ ရုပ်ရှင်ရုံတို့ ပန်းခြံတို့ ကစားကွင်းတို့ပေါ့။

ပြီးတော့ အံ့သြစရာကောင်းတာတစ်ခုက ကနေဒါမှာကြီးလာတဲ့Matthewက ကိုရီးယားနိုင်ငံသားစစ်စစ် သူ့ထက်ပိုပြီး ကိုရီးယားရဲ့လမ်းတွေကိုသိနေတာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် တကယ်ရောကနေဒါသားဟုတ်ရဲ့လားလို့စ,နောက်ပြီးမေးတိုင်း Matthewက သူလိုက်မမှီတဲ့ဘိုလိုတွေစ,မှုတ်တော့တာပဲ။ Franceတောင် အစစ်ပါလိုက်သေး။

အဲ့ဒီအချိန်တွေတုန်းကဆို ကမ္ဘာကြီးတစ်ခုလုံးကိုအပိုင်စားရထားသလိုမျိုး သူအရမ်းပျော်ခဲ့တာ။ ဒါပေမယ့် အဲ့ဒါတွေက အစစ်အမှန်မဟုတ်မှန်းသိတာကြောင့် သူ့စိတ်သူပြင်ဆင်ထားခဲ့ပြီးသားပါ။ မထူးပါဘူး … တကယ်ကြုံလာတော့လည်း နာကျင်ရတာပါပဲ။

'ကျွန်တော်တို့ပြတ်ရအောင်'

messageကိုဖတ်ပြီးပြီးချင်း သူ Matthewဆီအပြေးသွားခဲ့တယ်။ ညအိပ်ဝတ်စုံလေးနဲ့ခြံတံခါးဖွင့်ပြီးထွက်လာတဲ့Matthewက နောက်ဆုံးအချိန်ထိတောင် အပြစ်မတင်ရက်နိုင်အောင်ရက်စက်လွန်းပါတယ်။

"ကိုယ်တောင်းပန်ပါတယ်"

"အမှားလုပ်ထားတာမရှိဘဲ ဘာလို့တောင်းပန်တာလဲ Hyung"

"Matthewရဲ့ဥပဒေကို ကိုယ်ချိုးဖောက်မိတယ်လေ … အဲ့ဒါကြောင့် ကိုယ့်ကိုလမ်းခွဲတာမဟုတ်ဘူးလား"

Matthewကသူ့မျက်လုံးကိုမကြည့်။ စီးထားတဲ့ slipperရဲ့ထိပ်ဖျားကိုသာငေးပြီး အေးဆေးသက်သာစွာဖြေတယ်။

"အဲ့ဒါကိုစိတ်ထဲမထားပါနဲ့တော့ … ကျွန်တော်ဘက်ကတစ်ဖတ်သတ် အရူးထထားတဲ့ကိစ္စမို့လို့"

"အဲ့ဒါဆို မင်း သက်သက်အရူးထထားတဲ့ကိစ္စကြောင့်နဲ့ ငါကဘာလို့လမ်းခွဲပေးရမှာလဲ!!"

မထိန်းနိုင်စွာပေါက်ကွဲမိတော့ Matthewက နှုတ်ခမ်းစွန်းတွေတွန့်သွားရုံမျှပြုံးတယ်။ Matthewရဲ့ ဒီလိုမထီမဲ့မြင်ပုံစံမျိုးကို သူပထမဆုံးအကြိမ်တွေ့ဖူးတာပါပဲ။ တောက်ပပြီးချိုသာတဲ့ သွားတန်းညီညီလေးတွေပေါ်အောင်အထိရယ်တာမျိုးမဟုတ်ဘဲ ကစားပွဲမှာအနိုင်ရသွားတဲ့ချန်ပီယံရဲ့ ကဲ့ရဲ့လှောင်ပြောင်ခြင်းတွေကိန်းဝပ်နေသယောင်အပြုံးမျိုး။

His LAW (COMPLETED)Where stories live. Discover now