3. Characters

153 27 2
                                    

" အချစ်...ထတော့လေ..."

နားအနားမှတီးတိုးဆိုသံသည် ထယ်ယောင်း၏နားရွက်ဖျားလေးများကို ရိုက်ခတ်လာ၏။ တိတ်ဆိတ်နေသည့် နံနက်ခင်းမှာ နှင်းဆီနံ့သင်းသင်းလေးနှင့် ထယ်ယောင်းနောက်ကျောဝယ် ဝင်လှဲနေသည့် တစ်စုံတစ်ယောက်၏ တီးတိုးဆိုသံသာရှိနေ၏။

" အချစ်...ထတော့လို့...."

ဂျောင်ကုသည် အိပ်ရာမထသေးသော ထယ်ယောင်း၏ ပါးအိအိလေးကို အသာကိုက်ခဲလာသည်။

" နာတယ်..." အာလေးလျှာလေးဖြင့်ပြောလာသည့် ထယ်ယောင်းသည် အိပ်ရာကအပြည့်အဝနိုးပုံမရသေးပါ။ မျက်လုံးတစ်ချက်ဖွက့်ကြည့်ပြီးနောက် တစ်ဖတ်သို့လှည့်ကာ ပြန်လည်အိပ်မောကျသွားပြန်၏။

" မောင့်အချစ်လေးရယ် ထပါတော့ဆို ပရောဂျက်တွေလက်စသတ်စရာရှိလို့ မောင့်ကိုစောစောနှိုးစေချင်နေတာမဟုတ်ဘူးလား....ထတော့..."

နိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေသည့် ထယ်ယောင်းမျက်လုံးများသည် ဖျတ်ခနဲပွင့်လာကာ လက်ရှိအခြေအနေကို သတိပြန်ကပ်လာကာ လှုပ်ရှားမှုတစ်စုံတစ်ရာမပြုလုပ်ရဲတော့ပါ။ အိပ်ချင်မူးတူးဖြင့် သူကြားနေရသည့်အသံများသည် အစစ်အမှန်ဖြစ်နေ၏။ တကယ်ပဲ ဂျောင်ကုလား....။

ထယ်ယောင်းအနောက်သို့လှည့်မကြည့်ရဲပေ။ သူအနောက်လှည့်ကြည့်လိုက်သည့်အချိန် မည်သူမှမရှိနေသည့်အခါ သူပဲရူးရသူဖြစ်လိမ့်မည်။

အမှန်တကယ်လည်း ထယ်ယောင်း၏နောက်ကျောဘက်တွင် မည်သူမှ ရှိမနေတော့ပါ။ စူးရှရှနှင်းဆီနံ့တို့နှင့် ခပ်နွေးနွေးဖြစ်နေသည့် အိပ်ရာမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မှမရှိတော့ပေ။ တိတ်ဆိတ်ခြင်းဟာ တိုက်ခန်းငယ်လေးထဲ ကြီးစိုးလာပြန်သည်။ ထယ်ယောင်း၏ မျက်ဝန်းတို့ထဲ အထီးကျန်ဆန်မှုနှင့် တစ်စုံတစ်ရာကိုဆုံးရှုံးသွားသည့်အတွက် နာကျင်နေမှုများ ရောယှက်နေသည်။

မဟုတ်သေးပါဘူး...မဟုတ်သေးပါဘူး။ တစ်ခုခုတော့လွဲနေတာပါ...ဂျောင်ကုက အနားမှာရှိနေတယ်မလား...အနားမှာရှိနေတယ်မလား....

" အင်း...ကိုယ်ရှိတယ် "

ဒီတစ်ခါတော့ စကားသံသည်သူနှင့်မျက်နှာချင်းဆိုင်မှထွက်ပေါ်လာခြင်းဖြစ်သည်။ ထယ်ယောင်းသည် သူရှေ့တွင်ရှိနေသည့် ဂျောင်ကုကို မတွေ့ရဲသည့်ဟန်၊ ဂျောင်ကု၏ စကားသံတို့ကိုမကြားချင်တော့သည့်ဟန်၊ ဒါမှမဟုတ်လည်း စိတ်တို့လွတ်ထွက်သွားမည်စိုး၍ ခေါင်းအုံးအောက်ထဲ မျက်နှာထည့်ဖွက်လိုက်သည်။

CreationWhere stories live. Discover now