4. Big Boss

118 24 2
                                    

ရုံးခန်းတံခါးပွင့်သွားသည်နှင့် စာရွက်စာတမ်းများဖတ်နေသည့်ဥက္ကဋ္ဌဆိုသူကို တွေ့ရပြီဖြစ်ကာ ထယ်ယောင်း၏နှုတ်ခမ်းတို့က မသိမသာလေးငေးကော့ညွတ်သွားသည်။ အနက်ရောင်အနောက်တိုင်းဝတ်စုံ၊ ညှို့အားပြင်းလွန်းသည်မျက်ဝန်း၊ သူ့ကိုမော့ကြည့်လာပြီးနောက် ထွက်ပေါ်လာသည့် အထက်တန်းဆန်သည့်အပြုံး...။

ဒါဟာ သူဖန်းတီးထားသည့် ဂျွန်ဂျောင်ကုဆိုသူပင်....။

" ...အလုပ်တွေရှုပ်နေတာလား မစ္စတာဂျွန်...." ထယ်ယောင်း၏ခြေလှမ်းတို့သည် အစောပိုင်းကလို လေးဖျင့်နေခြင်းမျိုးမရှိတော့ဘဲ မြောက်ကြွနေကာ မျက်ဝန်းတို့ကလည်း ခြယ်လှယ်လိုသည့်အငွေ့အသတ်များဖြင့်ပြည့်နှတ်နေ၏။

" နည်းနည်းပါ ခဏနေပြီးတော့မှာပါ ဒါနဲ့ ဘာများကူညီပေးရမလဲမသိဘူး "

ဂျောင်ကုသည် လက်ထဲက စာရွက်တို့ကို ဘေးချလိုက်ပြီးနောက် ထယ်ယောင်းကို ပြုံးစစကြည့်လာသည်။

" ဥက္ကဋ္ဌကြီးကိုလာရှာတာ ကျွန်တော့်ကို တွေ့ချင်တယ်ဆိုလို့ "

" ဪ...ကိုယ်ကူရှာပေးရဦးမလား၊ သူကဘယ်လိုပုံစံလဲ ပြောကြည့်လေ..."

ထယ်ယောင်းသည် ခဏစဉ်းစားဟန်ပြုပြီးနောက် ဂျောင်ကု၏အလုပ်စားပွဲပေါ်သို့ တင်းပါးလွှဲတက်ထိုင်လိုက်သည်။ ထို့နောက် ဂျောင်ကုနှင့် နီးကပ်စေလို့ငှာ ခါးကိုကိုင်းချလိုက်ပြီးနောက်...

" ဥက္ကဋ္ဌကြီးကလား....အင်း....ကျွန်တော့်အချစ်လေးနဲ့တော့တူသား..."

" မင်းအချစ်လေးကရောဘယ်လိုမျိုးလဲ "

ဂျောင်ကုသည် အရှေ့သို့တိုးပေးလာတာကြောင့် သူတို့နှစ်ယောက်အကြား ပိုမိုနီးကပ်သွားကာ ထယ်ယောင်း၏ ဝင်သက်ထွက်သက်များသည် ဂျောင်ကု၏မျက်နှာပေါ်အသာရိုက်ခတ်လို့နေသည်။

" မစ္စတာဂျွန်လိုမျိုး....ကျွန်တော်ရဲ့အချစ်လေးက မစ္စတာဂျွန်လိုပဲ...."

" အိုး...ဒါဆို သူကမင်းရဲ့အရှေ့မှာရောက်နေပြီလို့ ကိုယ်ထင်တယ် "

ထယ်ယောင်းသည် တခစ်ခစ်ရယ်ပြီးနောက် ဂျောင်ကု၏နီဆွေးဆွေးနှုတ်ခမ်းတို့ကို ကြမ်းတမ်းစွာနမ်းရှိုတ်လေ၏။ အေးစက်စက်နှုတ်ခမ်းသားများက ထယ်ယောင်း၏ ဦးဆောင်မှုအောက်ဝယ် အလိုက်တသင့်ပါလာသည်။ နှစ်ယောက်သား အသက်ရှုကြပ်လာသည့်အထိ အချိန်တစ်ခုကြာ အနမ်းတို့ဖယ်လှယ်ပြီးနောက် ဂျောင်ကုက ထယ်ယောင်းနားအနားသို့ကပ်ကာ တီးတိုးပြောလာသည်။

You've reached the end of published parts.

⏰ Last updated: Sep 11 ⏰

Add this story to your Library to get notified about new parts!

CreationWhere stories live. Discover now