<Unicode>
""ကိုယ့်ကို ရှာတာ အရေးကြီးကိစ္စရှိလို့လား""
နံရံကို ကျောကပ်ကာ မီရပ်နေရင်း အနောက်ဘက်မှ စကားသံထွက်လာတော့ လှည့်မကြည့်ပါဘဲ ခေါင်းငြိမ့်ပြမိ၏။ အခုထိ အဖြေမရသေးသော အတွေးက မုန်းမဖွဲ့ ဒီအခန်းထဲဘာလာရှာသလဲ ဆိုတာပင်။ သူ့ပုံစံက သိပ်မူမမှန်ပေမယ့် ယုံလို့ရပါ့မလား မသိ။ မတော်လို့သာ ဒီနေရာကို တွေ့သွားခဲ့ရင် အလုပ်တွေရှုပ်ရဦးတော့မည်။
""ကျစ်!""
""ကဲ! ဘာတွေအလိုမကျဖြစ်နေတာလဲ?
ဟိုကောင်မလေး ဘာထူးခြားလို့လဲ""""ထူးခြားတယ်...ဟိုနေ့က ဒီအခန်းထဲဘာဝင်လုပ်နေလဲ မသိဘူး...မယောင်မလည်နဲ့""
""အဟက်! အဲ့ဒါဘာဖြစ်လဲ""
အမှောင်ရိပ်ဘက်မှ ထွက်မလာသေးဘဲ ရယ်သံခပ်အုပ်အုပ်သာ ပျံ့လွင့်လာသည်မို့ ဒေါ်ကေသရီရဲ့မျက်နှာထက် အလိုမကျမှုများစွာ ဖြစ်ထွန်းသွားရရင်း...
""ရှင်က သူ့ကိုအထင်သေးနေတာလား
အဲ့ကောင်မလေးက အရင်လိုမဟုတ်ဘူးနော်""""ဒါဆို ဘာလုပ်ချင်လဲပြော""
""သူတစ်ခုခုသိနေလားဆိုတာ အတည်ပြုချင်တယ်"
""ဒါများ...အရင်နည်းအတိုင်းပဲစစ်မေးပေါ့
သူက မင်းကိုကြောက်တာပဲ""""မေးပြီးပြီ...ရူးကြောင်ကြောင်စကားတွေပဲထွက်လာတယ်...ပုံစံကလည်း normalမဟုတ်သလိုနဲ့""
""ဒါဆို လန့်အောင်ခြောက်တဲ့နည်းက အသုံးဝင်သားပဲ""
""အသုံးဝင်ရင်လည်း ဇာတ်လမ်းကိုပြတ်အောင်လုပ်လေ...အခုက ရူးသလိုလို ကောင်းသလိုလိုနဲ့ ညရောက်ရင်လည်း အပြင်ထွက်ထွက်လာတယ်""
""ဒီလောက်ခြောက်လှန့်တာတောင် အပြင်ထွက်ရဲတယ်ဆိုတော့ ဒီကောင်မလေး တစ်ခုခုရှာနေတာသေချာတယ်""
""ရှာရင်လည်း မတွေ့နိုင်ဘူး ဆိုပေမယ့် အာရုံနောက်ရတယ် အရမ်းပဲ...ငြိမ်ငြိမ်ကိုမနေနိုင်ဘူး""
""စိတ်အေးအေးထားမှပေါ့ကွာ""
ဒီစကားအဆုံးမှာတော့ ထိုလူက အမှောင်ရိပ်ထဲမှ ထွက်လာကာ ဒေါ်ကေသရီရဲ့ နောက်ကျောဘက်မှ သိုင်းဖက်၍ ပခုံးပေါ် မေးတင်ထားလေ၏။ မဆန်းပြားသော အခြေအနေမို့ ရုန်းရန်မလိုဘဲ ငြိမ်သက်လျက် ရှိနေတော့ သူက ပိုလို့ပင် တိုးဖက်လာရင်း...
YOU ARE READING
🌈ကြင်နာသူ...ရွှေမင်းသား🌈(Completed)
Romanceရိုးရိုးရှင်းရှင်းလေးပါပဲ ကလေးရယ်... ဘာအန္တရာယ်ကိုမှ မကြောက်နဲ့၊မစိုးရိမ်နဲ့... မင်းရဲ့အနားမှာ ကိုယ်အမြဲရှိနေမယ်။ ကိုယ်က ယုံကြည်လို့ရပါတယ်။ (အလင်းနှစ်)