Part~4

4.1K 110 0
                                    

<Unicode>

စကားသံ တိုးလျလျလေး မဆုံးလိုက်ခင်မှာပင် မျက်လုံးတို့ မှိတ်ကျသွားကာ အင်္ကျီကိုလာရောက် ဆုပ်ကိုင်ထားသည့် လက်တို့ကလည်း ဘေးတစ်ဖက်သို့ ကျသွားလေတော့ ဘေးနားက သူငယ်ချင်းဖြစ်သူမှာ အလန့်တကြားဖြင့် လှုပ်နှိုးနေသော်လည်း အကြောင်းမထူးပေ။ အလင်းကတော့  ရုတ်တရက်အကြည့်မှာ သူ့ရင်ထဲက တမ်းတခြင်းနဲ့ ဆင်သလိုရှိသည့် အသွင်သဏ္ဌာန်နဲ့ သုံးနှုန်းသွားသည့် နာမ်စားကအစ တစ်ထပ်တည်းတူနေသည့် မိန်းကလေးကို ပွေ့ထားလျက်ဖြင့် ဒီအတိုင်းသာ ငုံ့ကြည့်နေမိစဥ်...

""ပြသာနာပဲ...ခေါ်လို့မရတော့ဘူး
အသက်..အသက်တော့ရှိသေးတယ်...ငါတို့ကားနဲ့တိုက်မိလိုက်လား""

""မသိဘူး...ငါ ဘရိတ်တော့နင်းလိုက်တာပဲ
တိုက်မိလား မသေချာဘူး""

""ဒါဆို သွားမယ် လာ လာ
ကားပေါ်တက်""

""ဟမ်!...သူ့ကို ဒီမှာဘယ်လိုလုပ်ထားခဲ့မလဲ?""

""ဟာ...အဲ့ဒါငါတို့နဲ့မဆိုင်ဘူးလေ
ကြည့်ဦး! တစ်ကိုယ်လုံးလည်းဒဏ်ရာတွေနဲ့။ ဘယ်ကဘယ်လို အသက်လုပြေးလာမှန်း မသိဘူး...ဇာတ်ရှုပ်တစ်ခုခုပဲဖြစ်မယ်""

အလင်း ပြန်ငုံ့ကြည့်လိုက်တော့လည်း ဟုတ်သည်။ မျက်နှာပေါ်မှာရော လက်တွေအပြင် ဖိနပ်မပါသည့်ခြေထောက်တွေမှာလည်း သွေးသံရဲရဲဖြစ်နေလေ၏။ 'သတ်လိမ့်မယ်' 'ကယ်ပါ'လို့လည်း ပြောသွားသေးတော့ ဒီကောင်မလေးမှာ အသက်အန္တရာယ်ရှိသည့်အခြေအနေပဲမဟုတ်လား။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအတိုင်းထားပစ်ခဲ့ဖို့ မသင့်တာတော့အမှန်။ ထိုအတွေးကြောင့် အလင်း လက်ထဲရှိနေသည့် ခန္ဓာကိုယ်လေးကို ပွေ့ချီလိုက်တော့ သူငယ်ချင်းဖြစ်သူမှာ အလန့်တကြားအမူအရာဖြင့်...

""ဟေ့ကောင်! မင်းဘာလုပ်မလို့လဲ?""

""ဒီလောက်ဒဏ်ရာတွေအများကြီးကို...ဆေးရုံပို့မှဖြစ်မှာပေါ့""

""မရဘူးလေ..အားလုံးရှုပ်ကုန်မှာပေါ့
ငါတို့ကားနဲ့ accidentဖြစ်ထားတာ...သူကလည်း နောက်ကြောင်းရှင်းပုံမရဘူး...ပြီးတော့မင်းက သာမန်လူမဟုတ်ဘူး...ဒီကိစ္စ အပြင်ကိုပေါက်ကြားပြီး mediaတွေပါလိုက်လာရင် အားလုံးရှင်းရခက်ကုန်မယ်""

🌈ကြင်နာသူ...ရွှေမင်းသား🌈(Completed)Opowieści tętniące życiem. Odkryj je teraz