Part~32

4.1K 95 0
                                    

<Unicode>

""ဒေါ်ကေသရီ!
ခင်ဗျားအခုချက်ချင်း ရပ်လိုက်ပါ""

""ဟင့်အင်း..မရပ်ဘူး
ငါ့ကို လာမဖမ်းကြနဲ့...ငါ အဖမ်းမခံဘူး
လုံးဝအဖမ်းမခံဘူး...အား!!""

ရဲတွေဟန့်တားနေသည်ကိုပင် ဂရုမစိုက်။ မရပ်တန့်သော ခြေလှမ်းများက အပြေးတစ်ပိုင်းဖြင့် ရှေ့သို့သာ ဆက်၍ဦးတည်နေရင်း အိမ်ရဲ့အပေါ်ဆုံးအထပ်သို့ပင်ရောက်ရှိလာခဲ့၏။ နှစ်ပေါင်းများစွာ လူနေခြင်းမရှိသည့်အိမ်မို့ နေရာအတော်များများက ယိုယွင်းပျက်စီးနေသလို အတွင်းပိုင်းကလည်း ခပ်မှောင်မှောင်သာ။ ဒေါ်ကေသရီကတော့ 'အဖမ်းမခံဘူး'ဟူသည့်စကားကိုသာ ပါးစပ်မှ တတွတ်တွတ်ပြောရင်း၊ဆက်ပြေးရင်းဖြင့် နောက်ဆုံးတော့ အိမ်အနောက်ဘက်ရှိ ဝရန်တာဘက်သို့ရောက်သွားချိန်တွင် ပြေးလမ်းဆုံးသွားလေ၏။

""ဟင့်အင်း...မလာနဲ့!
ငါ့အနားကိုမလာနဲ့နော်""

""မလှုပ်နဲ့
ကျွန်တော်တို့တာဝန်အရဆောင်ရွက်ခြင်းပါ
ခင်ဗျားအခုချက်ချင်းအဖမ်းခံပါ""

""ငါ ဘယ်သူလဲဆိုတာ နင်တို့မသိဘူးလား
ငါ့ကိုများဖမ်းရဲတယ်ပေါ့...နင်တို့ဒုက္ခရောက်ချင်တာလား""

"".......""

စစ်ရန်လည်း ဖွဲ့တို့ကိုခဏထားခဲ့ပြီး အပေါ်ထပ်သို့အမြန်ပြေးတက်ကြည့်တော့ ဖြစ်နေသည့်အခြေအနေကြောင့်စိတ်ပျက်စွာ ခေါင်းယမ်းမိ၏။ဘယ့်နှယ်!...ဒီလောက်လောဘအတ္တကြီးပြီး အရူးလိုဖြစ်နေသည့် မိန်းမတွေကို သူ့တစ်သက် ဒီတစ်ခါသာတွေ့ဖူးသည်။ နောက်ဆုံးအချိန်အထိ လက်မလျှော့တဲ့ ပုံစံက ခေါင်းမာမှုအပြည့်နှင့်ပင်။

""ဒေါ်ကေသရီ ခင်ဗျားအခုအချိန်ထိခေါင်းမာနေမှာလား..တော်လိုက်ပါတော့ဗျာ""

""မတော်နိုင်ဘူး...ငါက ကေသရီလည်းမဟုတ်ဘူး
ဧကရီပဲ...ငါက မုန်းမဖွဲ့သာရဲ့အမေ။ ဟိုမိန်းမကမှ ကေသရီ...သူတို့ပြောတာတွေမယုံကြနဲ့...ငါပြောတာကမှအမှန်""

""ဒါဆိုသိပ်တော်လှတဲ့ ခင်ဗျားက အမြွှာမဟုတ်တဲ့ သမီးနှစ်ယောက်ကို ၃လပဲခြားပြီး ဘယ်လိုမွေးခဲ့တာလဲ...မွေးစားသမီးပါလို့ပြောနေတဲ့ လေညှင်းသွဲ့သာကလည်းခင်ဗျားရဲ့သမီးအရင်းပဲမဟုတ်ဘူးလား""

🌈ကြင်နာသူ...ရွှေမင်းသား🌈(Completed)Opowieści tętniące życiem. Odkryj je teraz