<Unicode>
""အခု ဘာဆက်လုပ်ကြမလဲ
အခြေအနေက မလွယ်တော့ဘူး""""ဘာပဲလုပ်ရ လုပ်ရ ကျမကတော့ နောက်မဆုတ်နိုင်ဘူး...လုံးဝအရှုံးမပေးဘူး""
""ဒီအချိန်မှာ တင်းမာနေလည်းမထူးတော့ဘူး ကေသရီ""
""အို! ဘာလို့မထူးရမှာလဲ
ကောင်းကင်ပြိုရင်တောင် တစ်နေရာတော့လွတ်လမ်းရှိစမြဲပဲ...ဘာလဲ ရှင်ကအဖမ်းခံရမှာကြောက်နေပြီလား""ဖြေသံထွက်မလာခဲ့ဘဲ သက်ပြင်းချသံအရှည်ကြီးကိုသာ ကြားလိုက်ရ၍ ဒေါ်ကေသရီက မျက်နှာကို ခပ်မဲ့မဲ့လုပ်ပစ်ရင်း လက်ရှိအခြေအနေတွေကို ထိန်းဖို့သာ စဥ်းစားတွေးတောနေမိ၏။ မလွယ်တော့မှန်းလည်း သိပါသည်။ အခုဆို စံအိမ်အထိပါ ရဲတွေဝင်ရောက်နေပြီး ကိုယ့်ကိုတရားခံအဖြစ် လိုက်လံဖမ်းဆီးဖို့ ရှာဖွေနေကြပြီ ။ ထွက်ပြေးနိုင်ခဲ့တဲ့အချိန်က တကယ်ကို သီသီလေးရယ်ပါ။ အခုတော့ မြို့အစွန်ဘက်က တိုက်အိမ်ဟောင်းတစ်ခုမှာ လူမသိသူမသိ ပုန်းအောင်းနေကြရသည့်အဖြစ်။ တရားမဝင်လုပ်ငန်းတွေရဲ့ သက်သေခံပစ္စည်းတွေအပြင် လုပ်ငန်းနှင့်ပတ်သတ်သော တရားမဝင်ငွေတွေပါ အားလုံးပေါ်ပေါက်ပြီး ဂိုဏ်းရဲ့နောက်လိုက်တစ်ချို့လည်း အဖမ်းခံထားရပြီမို့ အခြေအနေက လွတ်လမ်းမရှိတော့ချေ။
""ဒါဆို အားလုံးကိုထားခဲ့ပြီး ကိုယ်တို့မိသားစု၃ယောက်ပဲ လွတ်အောင်ပြေးကြမယ်...အားလုံးနဲ့ဝေးတဲ့ တခြားတစ်နိုင်ငံမှာ သွားနေလိုက်မယ်""
""ဟင့်အင်း...ဘာလို့အဲ့လိုလုပ်ရမှာလဲ
ကျမလည်း GRရဲ့အမွေတွေကိုရပိုင်ခွင့်ရှိတယ်...ရှောင်မပြေးနိုင်ဘူး အားလုံးကိုထားပြီးထွက်လည်းမသွားနိုင်ဘူး...အဲ့ဒီ့အစား အသေပဲခံလိုက်မယ်""""ဟာ! မင်း တော်တော်ခေါင်းမာတာပဲ
ဒီအတိုင်းနေရင် အားလုံးအဖမ်းခံရရုံပဲရှိတော့မယ်""""အဟင်း! လမ်းမဆုံးသေးပါဘူး
အလင်းနှစ်က သိပ်ဥာဏ်ပြေးတဲ့ကောင်လေး
သူနဲ့တစ်ခုခု ညှိနှိုင်းရလိမ့်မယ်""""ဘာ!
မင်းပြောတာ...""""သူလုပ်နေတာတွေကို ရပ်ပစ်နိုင်ဖို့ အကြောင်းပြချက်တစ်ခုပဲရှိတယ်...""
أنت تقرأ
🌈ကြင်နာသူ...ရွှေမင်းသား🌈(Completed)
عاطفيةရိုးရိုးရှင်းရှင်းလေးပါပဲ ကလေးရယ်... ဘာအန္တရာယ်ကိုမှ မကြောက်နဲ့၊မစိုးရိမ်နဲ့... မင်းရဲ့အနားမှာ ကိုယ်အမြဲရှိနေမယ်။ ကိုယ်က ယုံကြည်လို့ရပါတယ်။ (အလင်းနှစ်)