6

162 23 0
                                    

ယိုရှီဝင်လာတော့...

🐯"မင်း တခြားနေရာသွားထိုင်"

ယိုရှီ ဆာဟိကိုပြောလိုက်ခြင်းပင် ။

🤖"ဟမ်"

🐯"ပြောနေတာမကြားဘူးလား တခြားနေရာသွားထိုင်လို့"

🤖"အော် အင်း ဒါပေမဲ့နေရာမရှိတော့ဘူးလေ"

🐯"မရှိရင်....."

ယိုရှီဆက်ပြောဖို့ စကားမရှိတော့တာမို့ ပြောလက်စ စကားကိုရပ်လိုက်သည် ။ပြီးတာနဲ့မှောက်သာအိပ်နေလိုက်သည် ။ ဆာဟိကတော့ စာအုပ်ကိုသာပြန်ကြည့်နေလိုက်သည် ။ထို့နောက်စာသင်ပြီးသွားတော့ဆာဟိ ဟရူတိုနဲ့ထွက်လာလိုက်သည် ။

🦋"အားး ရားး ပတ်ခ်ဂျီဟွန်း"

ပတ်ခ်ဂျီဟွန်းက ဟရူတိုအား ‌အနောက်ကနေ ကျောကုန်းကိုရိုက်လိုက်တာမို့ ဟရူတိုဆီက အသံထွက်လာခြင်း ။

🐼"ရားး ဟရူတို ငါမင်းထက် 2လတောင်ကြီးတယ်နော် အကြီးကိုရိုရိုသေသေဆက်ဆံ"

🦋"ဘာအကြီးလဲ ဟိုတစ်ခေါက်ကတောင် မင်း ခေါက်ဆွဲစားချင်လို့ဆိုပြီး ငါ့လာချွဲသေးတယ်လေ"

🐼"အဲ့တော့ဘာဖြစ်လဲ"

🦋"အေး ငါ video ရိုက်ထားတယ်နော် တစ်ကျောင်းလုံးကိုလိုက်ဖွလိုက်မှာ"

🐼"သယ်ချင်းကြီးကလဲစတာကို အော် ဒါနဲ့ မင်းက အဆာဟိမလား"

🤖"ဟုတ်ဗျ"

🐼"ဟရူတိုကိုခင်သလို ငါ့ကိုလည်းခင်လို့ရတယ်နော်"

🤖"ဒါနဲ့ နာမည်က...ပတ်ခ်...ဂျီဟွန်းမလား"

🐼"ဟုတ်တယ် ဘယ်လိုသိတာ ?"

🤖"ခုနက ရူတိုမင်းနာမည်ကိုအော်လိုက်တယ်လေ"

🐼"အာ ဟုတ်သားပဲ"

🐨"ရားး ပတ်ခ်ဂျီဟွန်း ငါ့ကို အခန်းထဲမှာခနစောင့်ပါလို့ပြောထားတာကို"

အနောက်ကနေ ပြေးလာရင်း နှုတ်ခမ်းဆူဆူဖြင့်ပြောလာသည့် ဂျွန်ဂယူကို ဂျီဟွန်း ခပ်ဟဟ ရီမိလိုက်သည် ။

🐨"ရား ဘာရီစရာပါလို့လဲ"

🐼"ငါ့ဟာငါရီတာ ဘာဖြစ်လဲ"

ဂျွန်ဂယူကတော့ မျက်မှောင်ကြီးကြုတ်ပြီး ဂျီဟွန်းကိုစိတ်ထဲကနေ ကျိန်ဆဲနေသည် ။

🐼"အော် ဒါနဲ့ ဆာဟိ ဆရာစာသင်တိုင်း အိပ်ငိုက်တဲ့ကောင် ကင်မ်ဂျွန်ဂယူတဲ့ မှတ်ထား သိလား"

စကားဆုံးတာနဲ့ ဂျွန်ဂယူကိုဂျီဟွန်းတစ်ချက်ကြည့်ပြီး ထပြေးသည် ။ ဂျွန်ဂယူကတော့ ဂျီဟွန်းကိုလက်ရွယ်ပြီး နောက်ကနေပြေးလိုက်သွားသည် ။ ကျန်ခဲ့တဲ့နှစ်ယောက်ကတော့ ရီလို့ပေါ့ ။
.
.
.
.
.
Part 6 end✅
ဒီရက်ပိုင်း ရန်ကုန်ရောက်တာနဲ့ သင်တန်းတွေကြီးပဲတက်နေရလို့ up တာနောက်ကျသွားပါတယ်ရှင့် ဒီတစ်ပိုင်းလဲ မအိပ်ခင်လေး အမြန်ရေးလိုက်တာမို့ တိုသွားပါတယ် ဒါဒါတို့အားလုံးကိုလည်း တောင်းပန်ပါတယ် ဒါနဲ့ ဒါက စိတ်ကူးယဉ် fic ဖြစ်တာကြောင့် fic ကို fic အတိုင်းပဲဖတ်ဖို့မျှော်လင့်ပါတယ် နောက်ပြီး ဒါဒါလေးတစ်ယောက်က "🐼" ဒါမျိုးလေးတပ်ပေးပါဆိုလို့တပ်ပေးထားပါတယ်နော် နောက်တစ်ပိုင်းမှာပြန်တွေ့မယ် ဘိုင့်👋

Write by Millie
Monday 12:21am💎

School Romantic💎💗Where stories live. Discover now